လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါးရှောင်ဒေသခံတစ်ဦး သေဆုံး

ဝိုင်းမော်မြို့ပြင် ဝါးရှောင်ကျေးရွာအနီးတွင် မေလ ၈ ရက်ညနေ ၅ နာရီအချိန်ခန့် အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့စစ်ကြောင်းကို KIA ဘက်က ဗုံးသွားပစ်တော့ စစ်တပ်ဘက်က ဒီအတိုင်းပြန်ပြီး ရမ်းပစ်တာ အဲမှာ တံတားထိပ်မှာ အမဲသားရောင်းနေတဲ့ မိခင်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းထိသွားတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြသည်။

မေလ ၈ ရက်နေ့ နံနက်ပိုင်းက မုတ်ကြိတ်ကျေးရွာအနီးတွင် တရုတ်ပြည်မှတဆင့် ဝိုင်းမော်မြို့သို့ဝင်ရောက်လာသော လေယာဉ်ဆီဟု ယူဆရသော ဆီဘောက်ဆာကားတစ်စီးကို KIA က ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်ဘက်က ဝါးရှောင်ကျေးရွာ ဝေဘာဘက်သို့ စစ်အင်အားအချို့ဖြင့်တက်လာချိန် KIA က ဗုံးသီး ၂ လုံးပစ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ဘက်က လူထုရှိရာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလလယ်ခန့်ကလည်း ဝါးရှောင်ကျေးရွာအထက် ဂေါ်ဆက်ယန် (Gaw Set yang) ကျေးရွာအနီး လမ်းဆုံဂိတ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ဖျက်စီးခဲ့သည်။

Show More

Related Articles

Back to top button