သတင်း

ဖားကန့် မြေပြိုမှု ထိခိုက်သေဆုံးသူ ၁၂ ဦးထိရှိလာ

ဖားကန့် နန့်မှော်ကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် မေလ ၁၅ ရက်ည မြေပြိုမှုကြောင့်  သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၂ဦးထိရှိခဲ့သည်ဟု ဖားကန့် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန် နေ့ည ၈နာရီအချိန်တွင် နန့်မှော်ကျေးရွာရှိ ရတနာစန်းရွှေ ကျောက်မျက်တူးဖော်သည့် လုပ်ကွက်တွင် မြေစာပုံပြိုကျခဲ့ပြီး သေဆုံးသူ ၄ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မြေပြိုတာက မနေ့ညကပေါ့လေ။ ဒီနေ့ကယ်ဆယ်ရေးအဖွဲ့တွေရှာကြည့်တော့ ၃ယောက်ထပ်တွေ့တယ်။ မနေ့ညက တစ်ယောက်သေတယ်။ သေတဲ့သူက ၄ယေက်ရှိတယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာရှိတာက ၈ ယောက် လောက်ဘဲ” ဟု ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်မှော်အတွင်း မြေစာပုံပြိုကျမှုကြောင့် သေဆုံးထိခိုက် ဒဏ်ရာရရှိသည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

Show More

Related Articles

Back to top button