တိုက်ပွဲသတင်း

ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်း‌ဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး

ယနေ့ညနေ ၃နာရီ ဝန်းကျင် ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် သေနတ်ပစ်ခံရပြီးနောက် လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ခုသေတဲ့ ၄ယောက်က ပြည်သူစစ်လား ဒေသခံ‌လားဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲမှာ လမ်းတွေလည်း အားလုံးပိတ်ထားပြီ ဘယ်သူ့မှထွက်လို့မရ‌တဲ့အခြေနေဖြစ်နေတော့ သေတာဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး ၄ယောက်သေတာတော့ မှန်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၏ နေအိမ်အား အမည်မသိအဖွဲ့တစ်ဖွဲ့မှ ကားဖြင့်ရောက်လာကာ ပစ်ခတ်သွားခြင်းဖြစ်သည်။

“သေတာက ၄ယောက် ‌ပြီးတော့ လောပန်းတစ်ယောက်က အဲမှာလာနေတာထင်တယ် လောပန်းတစ်‌ယောက်တဲ့သူက ဒဏ်ရာရတယ်လို့ကြားရတယ်။”ဆိုပြီး ပြောသည်။

ပြည်သူ့စစ်နေအိမ်သေနတ်ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်မှရွာတွင်းရှိ ဈေးများ၊ လမ်းမများပေါတွင် ပစ်ခတ်မူများပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန် ရှဒူးဇွပ်ရွာအတွင်း လမ်းများအားလုံးပိတ်ထားကာ မည်သူတစ်ဦးတစ်ယောက်္မှ အပြင်ထွက်ခွင့်မရှိ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

 

Show More

Related Articles

Back to top button