,

Breaking News :

မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

မိုးညှင်းရဲစခန်းမှ အချုပ်သား ၇ ဦး ပိုးကူးစက်ခံရ

ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ

ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ

ဖားကန့်လမ်း ကာမိုင်း စစ်တပ်ဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ

ကသာမြို့အဝင် စစ်ကောင်စီ ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရ

မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ

ရှဒူးဇွပ်ကျေးရွာတွင် ၂ရက်အတွင်း Covid-19 အတည်ပြု လူနာ ၄၇ ဦးရှိ

ပူတာအိုတွင် နာရေးကူညီမှု ကားတစ်စီး လိုအပ်ကြောင်း မေတ္တာ နာရေးကူညီမှုအသင်းပြော

Month: May 2021

တိုက်ပွဲ
အာဏာသိမ်းစစ်တပ် လေယာဉ် ၁ စီးကို KIA ပစ်ချ

အာဏာသိမ်းစစ်တပ် လေယာဉ် ၁ စီးကို KIA ပစ်ချ

မိုးမောက်မြို့နယ် မြို့သစ် ကုန်းလော ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းတွင် ယနေ့ နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်တပ်က လေယာဉ်များဖြင့်သွားရောက်တိုက်ခိုက်ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပစ်ချလိုက်ကြောင်း ဒေသခံများနှင့် KIOဘက် က အတည်ပြုပြောဆိုခဲ့သည်။ “ဒီမနက် ၉နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တယ်။ စစ်တပ်ဘက်က လေယာဉ် ၂ စီးနဲ့လာပစ်တာကို တစ်စီးက ထိသွားတယ်လို့သိရတယ်။ မီးခိုးနဲ့ပြာကျသွားတယ်တဲ့။ လမ်းသွားတဲ့သူတွေက တောင် ဆက်သွားလို့မရဘဲ ပိတ်နေကြတယ်တဲ့။ တိုက်ပွဲက…

လူ့အခွင့်အရေးချိုးဖောက်မှု
အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် ဖားကန့် ဆန္ဒဖော်ထုတ် ပြည်သူ ၁ ဦး ထပ်မံသေဆုံး

အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် ဖားကန့် ဆန္ဒဖော်ထုတ် ပြည်သူ ၁ ဦး ထပ်မံသေဆုံး

ဖားကန့်မြို့ လုံးခင်းရပ်ကွက်တွင် ဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်တပ်က ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် တစ်ဦး သေဆုံးပြီး နောက်ထပ် ၁ ဦးလည်း ဒဏ်ရားပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအဖြစ် မေလ ၂ရက်နေ့ ယနေ့မနက် ၉နာရီခွဲအချိန် သပိတ်စစ်ကြောင်း စတင်ထွက်ခွာမည့်နေရာတွင် ရဲနှင့်စစ်သားများက ရောက်လာပြီး သေနတ်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ဦး ကျည်ထိမှန်ခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောဆိုသည်။ “ဒီမနက်က လုံးခင်းသပိတ်နဲ့ မော်ဝမ်းသပိတ် ၂ခုစလုံးစထွက်ဖို့အချိန်မှာဘဲ…

တိုက်ပွဲ
KIO ဌာနချုပ်အနီး အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်

KIO ဌာနချုပ်အနီး အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်အနီးဖြစ်သော တပ်မဟာ ၅ တပ်ရင်း ၁၉ နယ်မြေတွင် ယနေ့ည ၈ နာရီခန့်က အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂျက်တိုက်လေယာဉ်တစ်စီးက ၂ ကြိမ်ပတ်ကာ ဗုံး​ကြဲခဲ့ကြောင်း မျက်မြင်ဒေသခံတချို့ပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲသံကို လိုင်ဇာမြို့မှပင် ကြားရကြောင်း လိုင်ဇာမြို့ခံတချို့ထံမှ သိရသည်။ အာဏာသိမ်းစစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းများကို မြေပြင်စစ်အင်အားဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျဆုံးမှုများသောကြောင့် တိုက်လေယာဉ်ဖြင့်သာ တိုက်ခိုက်နေသည်မှာ ၆…

သတင်း
ပူတာအို မလိရိန်တွင် တောမီး ဆက်လက်လောင်ကျွမ်းနေဆဲ

ပူတာအို မလိရိန်တွင် တောမီး ဆက်လက်လောင်ကျွမ်းနေဆဲ

ပူတာအိုမြို့ ​မြောက်ဘက် မန်ဇေခွန်အုပ်စု၊ မလိရိန်ကျေးရွာတွင် တောမီးလောင်ကျွမ်းနေသည်မှာ ၁၀ရက်ခန့် ရှိလာသောကြောင့် ဧက ၁၀၀၀ နီးပါးခန့် မီးလောင်ကျွမ်းသွားပြီဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။

လူ့အခွင့်အရေးချိုးဖောက်မှု
အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီး

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီး

မိုးမောက်မြို့နယ်အတွင်း ပြည်သူများနေထိုင်သောကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။

တိုက်ပွဲ
မိုးမောက်-ဒေါ့ဖုန်းယန်ကြား နွမ်းလန်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်အင်အား ၃၀၀ ခန့် ထပ်မံဝင်ရောက်လာ

မိုးမောက်-ဒေါ့ဖုန်းယန်ကြား နွမ်းလန်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်အင်အား ၃၀၀ ခန့် ထပ်မံဝင်ရောက်လာ

မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်က ကျေးရွာအတွင်း လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် တပ်ချကာ ရှိနေသည်ဟု သိရသည်။ ဧပြီလ ၃၀ရက် ယမန်နေ့ည ရောက်ရှိလာသောစစ်ကြောင်းများဖြစ်ပြီး ထိုအနက် စစ်အင်အားအချို့သည် အလော့ဘွမ်ဘက်သို့ ချီတက်သွားပြီဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ ကျေးရွာအတွင်းမှာ စစ်အင်အား ၃၀၀နီးပါးခန့်ရှိတယ်။ မနေ့ညနေက ရောက်လာကြတာ။ ဒီအလောဘွမ့်ဘက်ကို စစ်အင်အားတိုးချဲ့ဖို့ ဟုတ်တယ်။ တစ်ဝက်လောက်က ဒီမနက်ပိုင်း အစောကြီး အလောဘွမ့်ကို ထွက်သွားကြပြီ”…

လူ့အခွင့်အရေးချိုးဖောက်မှု
‘ပိုသူလှု၊ လိုသူယူ’ အစီစဉ်ပြုလုပ်သော လူငယ် ၁၁ ဦးကို စစ်အင်အား ၃၀ ခန့်ဖြင့် လာရောက်ဖမ်းဆီး

‘ပိုသူလှု၊ လိုသူယူ’ အစီစဉ်ပြုလုပ်သော လူငယ် ၁၁ ဦးကို စစ်အင်အား ၃၀ ခန့်ဖြင့် လာရောက်ဖမ်းဆီး

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက် မနက်စျေးအနီးတွင် ‘ပိုသူလှု၊ လိုသူယူ’ အစီအစဥ်ပြုလုပ်သော လူငယ်များ ၁၁ဦထက်မနည်း မေလ ၁ရက်နေ့ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။