,

Breaking News :

မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

မိုးညှင်းရဲစခန်းမှ အချုပ်သား ၇ ဦး ပိုးကူးစက်ခံရ

ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ

ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ

ဖားကန့်လမ်း ကာမိုင်း စစ်တပ်ဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ

ကသာမြို့အဝင် စစ်ကောင်စီ ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရ

မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ

ရှဒူးဇွပ်ကျေးရွာတွင် ၂ရက်အတွင်း Covid-19 အတည်ပြု လူနာ ၄၇ ဦးရှိ

ပူတာအိုတွင် နာရေးကူညီမှု ကားတစ်စီး လိုအပ်ကြောင်း မေတ္တာ နာရေးကူညီမှုအသင်းပြော

Month: May 2021

သတင်း
မြစ်ကြီးနား ပညာရေးကောလိပ်အနီး ပေါက်ကွဲသံနှင့် သေနတ်သံများကြားခဲ့ရ

မြစ်ကြီးနား ပညာရေးကောလိပ်အနီး ပေါက်ကွဲသံနှင့် သေနတ်သံများကြားခဲ့ရ

မြစ်ကြီးနား ပညာရေးကောလိပ်အနီးတွင် ယနေ့ နံနက် ၃ နာရီခန့်က ဗုံးပေါက်ကွဲသံနှင့် သေနတ်သံများ ကြားခဲ့ရကြောင်း ဒူကထောင်ရပ်ကွက်မှ ပြည်သူများ ပြောသည်။

တိုက်ပွဲ
အာဏာသိမ်းစစ်တပ်က အလော့ဘွမ်သို့ ပြန်လည်ချီတက်လာ၊ ထိခိုက်ကျဆုံးမှုများ

အာဏာသိမ်းစစ်တပ်က အလော့ဘွမ်သို့ ပြန်လည်ချီတက်လာ၊ ထိခိုက်ကျဆုံးမှုများ

အလောဘွမ့် (Alaw Bum) တောင်ဘက်သို့ စစ်ကူအဖြစ် ချီတက်လာသည့် အာဏာသိမ်းစစ်တပ်၏ အင်အား ၂၀၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၀ ရက်နေ့ ယနေ့ နံနက် ၄နာရီခွဲအချိန်က အဆိုပါ အာဏာသိမ်းစစ်တပ် အင်အား ၂၀၀ခန့်သည် လမ်းတွင် ၅ကြိမ်ထက်မနည်း မိုင်းခွဲခံလိုက်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။ “စစ်သားတွေက…

သတင်း
လိုင်စင်မဲ့ ကားများကို ဖမ်းဆီးနေ

လိုင်စင်မဲ့ ကားများကို ဖမ်းဆီးနေ

အာဏာသိမ်း စစ်ကောင်စီက မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်နှင့် အခြားမြို့ဝင်နေရာများတွင် ကားများကို စစ်ဆေးဖမ်းဆီးနေကြောင်း သိရသည်။

လူ့အခွင့်အရေးချိုးဖောက်မှု
စစ်တပ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါးရှောင်ဒေသခံတစ်ဦး သေဆုံး

စစ်တပ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါးရှောင်ဒေသခံတစ်ဦး သေဆုံး

ဝိုင်းမော်မြို့ပြင် ဝါးရှောင်ကျေးရွာအနီးတွင် မေလ ၈ ရက်ညနေ ၅ နာရီအချိန်ခန့် အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ပြေးဒုက္ခသည်များ
ပူတာအိုစစ်ရှောင်များ ၁ လအကြာမှ စခန်းအသစ်သို့ ပြောင်းရွှေ့မည်

ပူတာအိုစစ်ရှောင်များ ၁ လအကြာမှ စခန်းအသစ်သို့ ပြောင်းရွှေ့မည်

ပူတာအိုမြို့  လုံစွတ်စစ်ရှောင်ပြည်သူများက ဆောက်လုပ်ပြီးစီးသော ၎င်းတို့၏စစ်ရှောင်စခန်းအသစ်တွင် ရေအခက်အခဲရှိနေသောကြောင့် နောက် ၁ လအကြာမှသာ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။

သတင်း
စစ်အာဏာရှင်ကျဆုံးရေး ဆုတောင်းပွဲပြုလုပ်သော နောင်မွန်လူငယ်များ တိမ်းရှောင်နေရ

စစ်အာဏာရှင်ကျဆုံးရေး ဆုတောင်းပွဲပြုလုပ်သော နောင်မွန်လူငယ်များ တိမ်းရှောင်နေရ

ပူတာအိုခရိုင် နောင်မွန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သော လူငယ် ၆ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရန်ပြင်ဆင်နေသဖြင့် ထိုလူငယ်များမှာ ထွက်ပြေးနေရကြောင်း သိရသည်။

သတင်း
စစ်တပ်ဆန့်ကျင်သောလူငယ်များကို ဖမ်းနိုင်လျှင် ငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့ ကြေညာ

စစ်တပ်ဆန့်ကျင်သောလူငယ်များကို ဖမ်းနိုင်လျှင် ငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့ ကြေညာ

ဝိုင်းမော်မြို့နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုက်တည်မြို့တွင် စစ်အာဏာရှင်ဆန့်တော်လှန်ရေး လှုပ်ရှားသော လူငယ်များကို ဖမ်းဆီးပေးနိုင်လျှင် မြန်မာငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့က ကြေညာထားကြောင်း သိရသည်။

Covid-19 Reporting
အိမ်နီးချင်းနိုင်ငံက ကိုဗစ် တတိယလှိုင်းနှင့် မြန်မာပြည်

အိမ်နီးချင်းနိုင်ငံက ကိုဗစ် တတိယလှိုင်းနှင့် မြန်မာပြည်

အိမ်နီးချင်းထိုင်းနိုင်ငံမှာ Covid-19 တတိယလှိုင်းကြောင့် နေ့စဉ် ကူးစက်သူ လူဦးရေအသစ် ၁၅၀၀ အထက်ပုံမှန်ရှိနေပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရက ကန့်သတ်မှုတွေချမှတ်ပြီး ရောဂါထိန်းချုပ်နေပါတယ်။ ထိုနည်းတူ အနောက်ဘက် အန္တိယနိုင်ငံမှာလည်း နေ့စဉ် ရောဂါကူးစက်သူ သိန်းဂဏန်းရှိပြီး သေဆုံးသူကလည်း ထောင်ဂဏန်းရှိနေပါတယ်။ ဒီလိုအချိန်မှာ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံထဲမှာလည်း ကိုဗစ် တတိယလှိုင်းပုံစံမျိုးမဖြစ်ဘူးလို့ ဘယ်သူမှလည်း အတိအကျမပြောနိုင်ပါဘူး။ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအားလုံးဟာ အလုပ်မလုပ်ဘဲ အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။ တကယ်ပဲ စစ်တပ်အာဏာသိမ်းတဲ့အချိန်ဟာ နိုင်ငံတော်အတွက်…

တိုက်ပွဲ
မေလ ၆ ရက် တစ်ရက်တည်း အာဏာသိမ်းစစ်တပ်အင်အား ရာဂဏန်း ထိခိုက်သေဆုံးမှုရှိခဲ့

မေလ ၆ ရက် တစ်ရက်တည်း အာဏာသိမ်းစစ်တပ်အင်အား ရာဂဏန်း ထိခိုက်သေဆုံးမှုရှိခဲ့

ကချင်ပြည်နယ်တွင် မေလ ၆ ရက်နေ့ တစ်ရက်တည်း အာဏာသိမ်းစစ်တပ်အင်အား ရာဂဏန်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ မိုးမောက်မြို့နယ်တွင် လေယာဉ်ဖြင့် အချင်းချင်းမှားယွင်းပစ်ခတ်မှု၊ မိုးညှင်းတောင်နီတွင် စစ်ကား ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ရွှေကူ သင်္ဘော ၂ စီး ပစ်ခတ်ခံရမှုစသည့် နေရာများမှ စုစုပေါင်း အာဏာသိမ်းစစ်သား ၂၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ “မိုးမောက်ဘက် စစ်သား ၈၀ လောက် ထိခိုက်လို့…

တိုက်ပွဲ
စစ်အင်အား သယ်ဆောင်လာသော သင်္ဘော ၂ စီးကို KIA ကြားဖြတ်တိုက်ခိုက်

စစ်အင်အား သယ်ဆောင်လာသော သင်္ဘော ၂ စီးကို KIA ကြားဖြတ်တိုက်ခိုက်

စစ်အင်အားအပြည့်ဖြင့်ရောက်လာသော သင်္ဘော ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရွှေကူမြို့ ကျောက်ကြီးကျေးရွာအကျော်တွင် ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံမှု များပြားခဲ့ကြောင်း သိရသည်။ မေလ ၆ ရက်ည ၉ နာရီခန့် အဆိုပါ သင်္ဘော ၂ စီးကို KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၅ တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာန…