တိုက်ပွဲသတင်း

KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်

မြစ်ကြီးနား ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေ ကဆုန်ကျေးရွာအနီးသို့ ယနေ့ မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၁ နာရီဝန်းကျင်ခန့်တွင် ကဆုန့်ကျေးရွာအနီး ရဟတ်ယာဉ်တစ်စီးဖြင့် တစ်ကြိမ် လာရောက်ဗုံးကျဲခဲ့ကြောင်း ပြည်သူတစ်ဦးက ပြောဆိုသည်။

“တစ်ခါဘဲ လာဗုံးလာကျဲသွားတာ ဟုတ်တယ်။ KIA ဘက်ကလည်း အထိအခိုက်မရှိဘူးလို့ကြားတယ်” ဟု ပြောဆိုသည်။

ယနေ့ နံနက် မိုးမလင်းမှီ မရန့် ကျေးရွာ အထက်ရှိ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA က လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် တန်ပြန် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

KIA တပ်ရင်း ၁၁ မှ ယနေ့ နံနက် ၂၁ မိုင်စုပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦး သေဆုံးသွားပြီး၊ ၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်ညကလည်း မြစ်ကြီးနား ဝိုင်းမော် မြစ်ကူးတံတားအနီး စုပေါင်းစစ်ဆေးရေဂိတ်ကို KIA က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် လိုင်ဇာအပါအဝင် နေရာအများအပြားကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

Show More

Related Articles

Back to top button