Covid-19 Reportingသတင်း

ဗန်းမော် ကိုယ်ပိုင်အထက်တန်းကျောင်းဆရာမ ၄ ဦးနှင့် အကောက်ခွန်ရုံး ဝန်ထမ် ၁ ဦးတွင် ကိုဗစ် ပိုးတွေ့

ဇူလိုင်လ ၆ရက်နေ့ ဗန်းမော်မြို့ ပိုးတွေ့လူနာစာရင်းတွင် စံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ ‌(၄)ဦးနဲ့ ‌အကောက်ခွန်ရုံးမှ ဝန်ထမ်းတစ်ဦးပါဝင်လာကြောင်း ဒေသခံများမှ သိရသည်။

“မနေ့က ပိုးတွေ့ထဲမှာ ကိုယ်ပိုင်ကျောင်းကရော၊ နောက်ပြီးတော့ မြန်မာ့‌အမျိုးသားလေကြောင်းလိုင်းနဲ့ ရန်ကုန်-ဗန်းမော် လိုက်ပါလာတဲ့ အကောက်ခွန်ရုံးက ဝန်ထမ်းတွေလည်း ပါတယ်ကြားတယ်။ ပိုးကတော့ တော်တော်ပျံ့နေပြီ ဖြစ်နိုင်ရင်တော့ ဒီချိန်မှာ ကျောင်းတွေလည်း ပိတ်ထားသင့်ပြီ” ဗန်းမော်မြို့ခံ တစ်ဦးက ပြောသည်။

ဗန်းမော်ခရိုင်တွင် ဇူလိုင်လ ၆ရက်နေ့ တစ်ရက်တည်းအတွင်း ပိုးတွေ့လူနာ ၄၉ဦး ထပ်မံတွေရှိကြောင်း ဗန်းမော် ပြန်/ဆက်အဖွဲ့က ရေးသားထားသည်။

ရွှေကူဒေသခံတစ်ဦးက “ကျနော်တို့ရွှေကူမှာက လောင်းကစားဝိုင်းတွေ အရင်ပိတ်သင့်တယ်။ ဒီ ကိုဗစ်တတိယလှိုင်းမှာ ကချင်ပြည်နယ်ထဲမှာ ရွှေကူက ပိုးတွေ့လူနာအများဆုံးဖြစ်နေပြီ” ဟု ပြောသည်။

အဆိုပါ ပိုးတွေ့ လူနာ ၄၉ဦးတွင် ဗန်းမော်မြို့ ၁၄ ဦး၊ ရွှေကူ ၂၇ ဦး၊ မံစီ ၁ ဦး၊ မိုးမောက် ၅ ဦး နှင့် လွယ်ဂျယ် ၂ ဦးတို့ဖြစ်သည်။

ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင် ၆ရက်နေ့အထိ ဗန်းမော်ခရိုင်တစ်ခုလုံးတွင် ဗန်းမော် ၆၈ ဦး ၊မံစီ ၁၀ ဦး ၊မိုးမောက် ၅၅ ဦး၊ လွယ်ဂျယ် (၅)ဦး၊ ဒေါ့ဖုန်းယန် ၃ ဦး နှင့် ရွှေကူ ၁၀၈ ဦး ဖြစ်ကာ စုစုပေါင်း ၂၄၉ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ တတိလှိုင်း ပြင်းထန်လာသည့်အခြေအနေတွင် စစ်ကောင်စီသည် ကချင်ပြည်နယ်အတွင်း ကူးစက်လူနာများ၏ စာရင်းကို တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button