ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ
ဗန်းမော်မြို့အထွက် မံစီသွားလမ်းမပေါ်ရှိ ဖန်ခါးကုန်း (Hpang Ga Kawng) စစ်တပ်ဂိတ်သည် Covid-19 အကြောင်းပြကာ ဖြတ်သန်းသွားလာသူများကို ထောက်ခံစာပြခိုင်းပြီး မပြနိုင်ပါက ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ဗန်းမော် မံစီလမ်းရှိ ဖန်ခါးကုန်း ဂိတ်တွင် ငွေကြေးပေးဆောင်သူတိုင်းသည် ကိုဗစ်-၁၉ ကာလ မြို့နယ်ကူး ခရီးသွားလာခွင့် လက်မှတ်ပြစရာမလိုဘဲ ဖြတ်သန်းခွင့်ပေးနေကြောင်း ကြုံတွေ့ခဲ့ရသည့် ဗန်မော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “သူက ကိုဗစ် စည်းကမ်းဆိုပြီး ဂိတ်ကို အရင်တုန်းကလို ဖြတ်ခွင့်မပေးဘူး။ ဖြတ်မယ်ဆိုရင် လက်မှတ်ပါရတယ်။ လက်မှတ်မပါရင် လုံးဝမဖြတ်ခိုင်းဘူး။ ဒါပေမယ့် ပိုက်ဆံပေးရင်တော့ ဖြတ်ခိုင်းတယ်။ လက်မှတ်မပါတဲ့သူတိုင်းက ပိုက်ဆံပေးပြီး ဖြတ်နေကြတာဘဲ။ ကျနော်ကိုယ်တိုင်လည်း ပိုက်ဆံတောင်းတာကြုံခဲ့ရတယ်။ ဒါပေမယ့် ကျနော်က လုံးဝပိုက်ဆံမပေးဘူး။ မပေးတော့လည်း … Continue reading ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed