တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်စွဲထား၊ တိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့် ဒေသခံများ ဆက်လက်တိမ်းရှောင်နေ
ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် ယမန်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် စစ်ကောင်စီက အဆိုပါကျေးရွာရှိ နေအိမ်အချို့တွင် တပ်စွဲထားကြောင်း ဒေသခံများ ထံမှ သိရသည်။ ဩဂုတ်လ ၂၇ ရက် ယနေ့နံနက် ၅နာရီခန့်မှ စတင်ပြီး စစ်ကောင်စီ အင်အား ၃၀ ခန့် ကျေးရွာအတွင်းဝင်ရောက်နေသောကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း တန်ဂျာဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဒီမနက် ၅ နာရီလောက်ကနေဖြစ်မယ်။ စစ်သားတွေရွာထဲမှာ ဝင်နေတာ။ နေအိမ် ၃ အိမ်လောက်မှာ အပြည့်ရှိနေကြတယ်။ ကျနော်ထင်တယ် တပ်စုတစ်စုထင်တယ်။ အခုသူတို့ ကအပြန်အလှန် စောင့်ကြည့်နေတဲ့ သဘောမှာရှိတယ်။ ပြီးရင် ရွာအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ကလည်း စစ်ကူစောင့်နေတဲ့သဘော ရှိနေတယ်။” ဟု ပြောဆိုသည်။ ယမန်နေ့ ညနေ … Continue reading တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်စွဲထား၊ တိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့် ဒေသခံများ ဆက်လက်တိမ်းရှောင်နေ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed