တိုက်ပွဲသတင်း

ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကိုမြှုပ်ရန် စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ နှင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင် စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီတပ် အလောင်းများကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်းခဲ့ရကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ် အလောင်းများကို လမ်းဘေးတွင် ဖရိုဖရဲ ပစ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၃ ရက်နေ့ ပန်ဆိုင်း (ကြူကုတ်) မြို့အထွက် နမ့်ဟူးဘက်‌ ချောင်းဘေးနားတွင်လည်း စစ်ကောင်စီ တပ်သားတစ်ဦးအလောင်းကို ထပ်မံ တွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ဟုတ်တယ်။ တနေ့က စစ်သား အလောင်း တစ်လောင်း တွေ့တယ်။ ၃၀ ရက်နေ့က အကျန် ထင်တယ်။ အဲနေ့က ၂၀ လောက်သေတယ်” လို့ သူက ပြောပါတယ်။

သြဂုတ်လ ၂၈ ရက်‌နေ့ မှ ဩဂုတ်လ ၃၁ ရက်ရက်နေ့အထိ နယ်စပ်တစ်လျှောက် တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ သေဆုံးသူ အနည်းဆုံး ၈၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် တရုတ်နယ်စပ်ဖြစ်သော မုံးကိုး ဖောင်းဆိုင်ဒေသတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ကြား နေ့စဉ် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။

Bum shep

Show More

Related Articles

Back to top button