လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီလက်နက်ကြီးကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး ကျည်စ ထိမှန် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင် ကချင်ကျေးရွာတွင် ယနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦး ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

“ဟုတ်တယ်။ လက်နက်ကြီးကျည် ကျလာလို့နည်းနည်း ထိသွားတယ်။ အရမ်းတော့ မစိုးရိမ်ရဘူး။ လက်မှာ။ ဦး T ခေါင်ဒေါင် (Hkawng Dau) ။ အသက် ၃၄ နှစ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သံလွင်မြစ်အရှေ့ဖက်ခြမ်း၊ ကိုးကန့်ဒေသတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရှမ်းမြောက် တရုတ်နယ်စပ် ဖောင်းဆိုင်ကျေးရွာအနီးတွင် ဩဂုတ် လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး နေ့စဉ် ပစ်ခတ်နေသည့်အပြင် ဝေဟင် ဒရုန်းလွှတ်ထောက်လှမ်းခြင်းများနှင့် ပြုလုပ်နေကြောင်း ကိုးကန့်သတင်းများတွင် ဖော်ပြထားသည်။

မုံးကိုး ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီနှင့် MNDAA တို့ကြား ပြင်းထန် တိုက်ပွဲကြောင့် မန်းယန်နှင့် ဘန်မွေးက ဒေသခံ ၁၇၀ ကျော် တရုတ် နယ်ခြားမှတ်တိုင် ၁၀၂ အနီးတွင် လက်ရှိထိ ထွက်ပြေးနေရဆဲဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button