သတင်း

စစ်ကောင်စီလက်အောက်ခံ ဇယ်လန့် ဆိုင်ကျော့ ပြည်သူ့စစ် စခန်း မီးရှို့ဖျက်ဆီး ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နမ့်ခမ်းမြို့ကြား လန့်ကျေးရွာအုပ်စုရှိ စစ်ကောင်စီလက်အောက်ခံ ဆိုင်ကျော့ ပြည်သူ့စစ်စခန်း ယနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၈ နာရီခန့်က မီးရှို့ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ပြည်သူ့စစ် ဆိုင်ကျော့ တပ် ကို မီးရှို့ဖျက်ဆီးလိုက်တာ မှန်တယ်။ ဟုတ်တယ်။ TNLA ၅၇၁ တပ်ကပါ။ ခုလေးတင် ကျွန်တော် အဲဒီ ဘက်က လာခဲ့တာ။ အဆောက်အုံပဲ မီးရှို့ပဲ ရှို့ထားခဲ့တယ်။” ဟု မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ့စစ်စခန်းတွင် စစ်ကောင်စီ နှင့် ပြည်သူ့တပ်များ မရှိနေချိန် သွားရောက် မီးရှို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နောက်ဆက်တွဲအနေဖြင့် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်လာမှာကို ဒေသခံများအနေဖြင့် စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။

“အခု အဲဒီ တအာင်းပလောင် ရွာခံတွေက အရမ်းကြောက်နေတယ်။ လောလောဆယ် အဲရွာမှာ TNLA ရှိနေတော့ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်နေကြတယ်။ ဒေသခံတွေကို စစ်ကောင်စီဘက်က လာနှိပ်စက်မှာကို စိုးရိမ်နေကြတာ။” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ကျော့ကျေးရွာတွင် တအောင်း(ပလောင်) နှင့် ရှမ်းလူမျိုးအများစုနေထိုင်ပြီး ကချင်အနည်းငယ်လည်း ရှိကြောင်း သိရသည်။ တော်လှန်ရေးအဖွဲ့များအနေဖြင့် TNLA ၊ SSPP/SSA နှင့် KIA တပ်ဖွဲ့များ အဓိကလှုပ်ရှားသော နေရာဖြစ်ကြောင်း သိရသည်။

Bum Shep

Show More

Related Articles

Back to top button