Covid-19 Reportingသတင်း

ကွတ်ခိုင်က COVID-19 ရှေ့တန်း ပရဟိတ ဝန်ထမ်း ၂ ဦး ပိုးကူးစက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် COVID-19 ကာကွယ်ထိန်းချုပ်ရေး ရှေ့တန်းက‌နေ ပါဝင်ကူညီ‌နေတဲ့ ပရဟိတ ဝန်ထမ်း ၂ ဦး ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ပိုးကူးစက်ခံထားရကြောင်း ပြောပါတယ်။

“ဟုတ်တယ်။ ဦးလေး ကိုယ်တိုင် ထိသွားတာ။ အခုက ဘာမှ ထူးခြား လက္ခဏာ မရှိပါဘူး။ နှာစေး၊ ချောင်းဆိုး လောက်ပဲ လောလောဆယ် ဖြစ်တယ်။ နောက် ပိုဆိုးတာက ဦးလေးက နှလုံး ရောဂါ ရှိတာလေ။ ကူညီချင်တဲ့ ဆန္ဒနဲ့ပါ။” လို့ သူက ပြောပါတယ်။

ကွတ်ခိုင်မှာ စုစုပေါင်း ပိုးတွေ့ လူနာ ၈၆၅ ဦး၊ သေဆုံးလူနာ ၃၁ ဦး ရှိကြောင်း သိရပြီး လက်တွေ့ မြေပြင်စာရင်းနဲ့ ကွာဟမှု ရှိနိုင်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဆေးရုံ မတက်ပဲ အပြင်မှာသေဆုံးသူလဲရှိပါတယ်။ အသင်းစာရင်းအရ ဇူလိုင်လ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာ ၃ ရက်နေ့ အထိဆိုရင် ၄၈ လောက် ရှိပါတယ်။ တချို့ဆို သေလို့ သွားစစ်ကြည့်ရင် P ဖြစ်နေ တာတွေ့ရတယ်။” လို့ သူက ထပ်မံ ရှင်းပြပါတယ်။

ပိုးတွေ့နှုန်း လျော့ကျလာတာရှိပါ‌ပေမယ့် ယခုရက်ပိုင်း နဲနဲပြန်ပေါ်လာတယ်လို့ ဆိုပါတယ်။

Bum Shep

Show More

Related Articles

Back to top button