အာဏာသိမ်းစစ်ခေါင်းဆောင် လာမည့် ပူတာအိုတွင် မူလာရှီးဒီဂိတ် တိုက်ခိုက်ခံရ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည့် ပူတာအိုတွင် ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်က မူလာရှီးဒီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ပူတာအိုမြို့နယ်အဝင် စစ်ကောင်စီတပ်နှင့်ရဲများ စုပေါင်းလုံခြုံရေးချထားသော မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့ က လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက် ၃၀ ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့က ၁နာရီလောက်မှာ သွားတိုက်ခဲ့တာက သေချာတယ်။ ထိခိုက်မှုအခြေအနေက အသေးစိတ်မသိရသေးဘူး”ဟု ပြောဆိုသည်။ စစ်ကောင်စီ ဥက္ကဌသည် ယနေ့ ပူတာအိုသို့ ရောက်ရှိလာမည်ဟု သတင်းထွက်ပေါ်နေချိန် တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။