သတင်း

မိုးမောက်မြို့တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးသေဆုံးနေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခါနန်ရပ်ကွက် လမ်းဘေးတွင် အောက်တိုဘာ ၅ ရက်ညက အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဘယ်သူပစ်တယ်ဆိုတာတော့ တိတိကျကျ ဘယ်ပြောလို့ မရဘူး ဒါပေမယ့် အဲလမ်းမတစ်လျှောက် မနေ့ည စစ်ကောင်စီတပ်တွေတော့ အများကြီး ရှိနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးနေသူသည် ပြည်ခိုင်းဖြိုးအကျီဝတ်ဆင်ထားပြီး မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်နားတွင် ခါးနား သေနတ်ဒဏ်ရာဖြင့် သေဆုံးလျှက်တွေ့ရှိကြခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်းကိုတော့ ဒီမနက် ၁၁နာရီလောက်မှ သက်ဆိုင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကနေ သူ့မိသားစုဝင်တွေကို စုံစမ်းပြီးတော့ အလောင်းလာယူခိုင်းပြီး ညနေပိုင်းမှာ သဂြိုလ်လိုက်ပြီ” လို့ ဒေသခံတစ်ဦးကပြောသည်။

မိုးမောက်မြို့အတွင်း စစ်အာဏာသိမ်းပြီးနောက် အကြောင့်မဲ့ပစ်သတ်ခံရမူသည် ယခုပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း ဒေသခံများကပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လူသတ်ခံရမူများသည် နေ့စဉ်ဆိုသလို ဖြစ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button