သတင်း

မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့် လူငယ် ပြန်လည်လွတ်မြောက်လာ

မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ် (၁) ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဥ်ကို မှတ်တမ်းဗီဒီယိုရိုက်ကူးခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် လူငယ်မှာ ယမန်နေ့ အကျဥ်းထောင်မှ လွတ်မြောက်ရာတွင် ပါဝင်ခဲ့ကြောင်းသိရသည်။

ပြန်လည်လွတ်မြောက်လာသာ လူငယ်မှာ ဆွတ်ရိန်နော်နော ဖြစ်ပြီး မြစ်ကြီးနား အကျဥ်းထောင်တွင် ၅လခန့်အကြာချုပ်နှောင်ခံရခြင်း​ဖြစ်သည်။

ပြီးခဲ့သော မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် မြစ်ကြီးနား ကမ္ဘောဇဘဏ်ရှေ့ စစ်ကောင်စီတပ်သားများရှိနေသောနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ဗီဒီယိုရိုက်ကာ လူမှုစာမျက်နှာတွင် တင်ခဲ့ပြီး သတင်းမီဒီယာများကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ဓါတ်ပုံရိုက်သော နေရာမှ အိမ်ခန်းပိုင်ရှင်နှင့် ဆွတ်ရိန်နော်နောကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် အိမ်ခန်းပိုင်ရှင်ကို ပြန်လွတ်ပေးခဲ့ပြီး ဆွတ်ရိန် နော်နောကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြန်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button