သတင်း

မူဆယ်ခရိုင်မှာ တစ်ရက်အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး မြို့ပေါ်တွင် ပစ်သတ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်၊ ကချင်ဈေးအနီး လမ်းမပေါ်မှာ နိုဝင်ဘာလ ၂ ရက် နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း ဒေသခံ မျက်မြင်တွေဆီက သိရပါတယ်။

“နမ့်ခမ်းမြို့မ – ၃ ပြည်သူ့စစ်က Training ဆရာ ခရစ်ယာန်ရပ်ကွက်မှာ နေတာ။ စကစ နဲ့ပေါင်းပြီး စကားအပြောလွန်တာ။ ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အမည်မသိ သူတွေက သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘယ်ဘက် ဦးခေါင်းမှ ညာဘက် ဦးခေါင် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက် ဖြင့်သေဆုံးသွားကြောင်း အမည် မဖော်လိုသူ နောက် ဒေသခံ ၁ ဦး က ပြောပါတယ်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသူမှာ အသက် ၂၁ နှစ်ရှိ စိုင်း‌အေးဆိုင်ဖြစ်ပြီး ဈေးရပ်ကွက် နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့မှာလည်း နိုဝင်ဘာ ၁ ရက်နေ့က အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦး အပြင်ကနေ အိမ်ပြန်လာပြီး ကားပေါ်ကအဆင်း နောက်ကနေ အမျိုးသား ၂ ဦးက လည်ပင်းမှာ သေနတ် ၃ ချက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်လာပစ်တဲ့ သူ ၂ ဦးက “သေအောင်ပစ်ပါ၊ သေအောင်ပစ်ပါ” လို့ ပြောတာ ကြားရတယ်လို့ အနီးနားက မျက်မြင် တစ်ဦးက ပြောပါတယ်။

သေနတ်ဒဏ်ရာ ပြင်းထန်တာကြောင့် နမ့်ခမ်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာ ၂ ရက်နေ့မှာ သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလထဲ ၂ ရက်နေ့မှာဘဲ မူဆယ် ခရိုင်မှာ အမျိုးသား ၁ ဦး အမျိုး သမီး ၁ ဦးတို့ဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button