ကသာမြို့တိုက်ပွဲ ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများလာသည့်အတွက် စစ်အင်အားပိုမိုဖြည့်တင်းလာ

ကသာမြို့နယ် PDFနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ကာ ၂ရက်အတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများလာသည့်အတွက် စစ်အင်အားပိုမိုဖြည့်တင်းလာနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၇‌နာရီလောက်မှာ အင်အားက ၁၀၀ ဝန်းကျင်ရှိမယ်ထင်တယ် သူတို့က မော်တော်ယဉ်နဲ့တက်လာတာ ပြီးတော့ တုတ်ကြီးရွာနားမှာ ဆင်းပြီး ရွာထဲက သေနတ်ဖောက်ဝင်လာတာ ခုရွာက တစ်ချို့ပြည်သူတွေလည်း ပြေးနေရပြီ”လို့ ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် မိုးတားလေး၊အထက်ဝဲကြီးအနီးတစ်လျှောက်မိုင်းဆွဲတိုက်ခိုက်ခံရကာ မြို့လှ PDF နှင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲနှစ်ရက်အတွင်း နိုဝင်ဘာလ ၈ရက်နေ့ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် သေဆုံးခဲ့ပြီး PDF မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အလားတူ နိုဝင်ဘာလ ၉ရက်နေ့တွင်လည်း အထက်ဝဲကြီးအနီး စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် မိုင်း ၄လုံးဖြင့် ထပ်မံတိုက်ခိုက်ခံရသည့်အတွက် … Continue reading ကသာမြို့တိုက်ပွဲ ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများလာသည့်အတွက် စစ်အင်အားပိုမိုဖြည့်တင်းလာ