ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသော ကျေးရွာအချို့ရှိ နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်ရှောင်နေရတော့ လူတွေ မရှိကြဘူး။ အဲတော့ ဆေးသမားတွေက အခွင့်ကောင်းယူပြီး ခိုးကြတာ အိမ်တွေ ဖောက်ခံရတယ်။ ပြီးတော့ ဈေးဆိုင်တွေလည်း ဖောက်ခံရတယ်” ဟု မိုးတားလေး ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ ပြည်သူများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နိုဝင်ဘာလ ၆ ရက်နေ့ဝန်းကျင်ခန့်မှ မိမိ‌ရပ်ရွာတွင် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။ သို့သော် နိုဝင်ဘာလ ၈ ရက်နေ့ စစ်ကောင်စီနှင့် PDF တိုက်ပွဲပြင်းထန်လာသည့်အတွက် မိုးတားလေးကျေးရွာအပြင် ရေနီကျေးရွာ၊ တုတ်ကြီး၊ ဝဲကြီးကျေးရွာများလည်း ထပ်မံတိမ်း‌ရှောင်နေရကြောင်း ဒေသခံတစ်ဦး … Continue reading ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ