သတင်း

ဝိုင်းမော် အ.ထ.က (၂) ကျောင်းဆောင် မီးကွင်းပစ် မီးရိူ့ခံရ

ဝိုင်းမော်မြို့ ရပ်ကွက် (၂) တွင်ရှိသော အ.ထ.က (၂) စာသင်ကျောင်းဆောင်ဝင်းအတွင်းသို့ မီးကွင်းပစ် မီးရိူ့ခံရကြောင်း သိရသည်။
 
ယနေ့ ည ၇နာရီခန့်အချိန်တွင် အမျိုးသား ၂ဦးက ဆိုင်းကယ်ဖြင့် ရောက်လာကာ ကျောင်းဝင်းအတွင်းသို့ မီးကွင်းပစ် မီးလာရိူ့သွားသည်ဟု ကျောင်းအနီးရှိ မျက်မြင်သက်သေ တစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။
 
“ဆိုင်ကယ်နဲ့ လူ ၂ယောက်က ကျောင်းရဲ့ အနောက်ဆောင်ကနေလာပြီး မီးကွင်းပစ် မီးလာရိူ့သွားတယ်။ အနီးတဝိုက်က လူတွေမြင်လိုက်လို့ ဆိုးဆိုးရွားရွား လောင်သွားတာက မဟုတ်ဘူး။ အချိန်မှီသွားလို့ပေါ့”ဟု ပြောဆိုသည်။
 
ကျောင်းဆောင်ဝင်းအတွင်း မီးရိူ့ခံရသော်လည်း ကျောင်းအနီးတဝိုက်ရှိ ပြည်သူများ မီးကို အချိန်မှီကယ်တင်လိုက်နိုင်ကြောင်း ဆက်သိရသည်။
အဆိုပါစာသင်ကျောင်းသည် လက်ရှိ ကျောင်းသားအများအပြားဖြင့် စာသင်ကြားနေသော ကျောင်းတစ်ခုဖြစ်ပြီး ယခင်က ယခုလို ဖြစ်ရပ်မျိုး မရှိခဲ့ကြောင်း သိရသည်။
Show More

Related Articles

Back to top button