သတင်း

အာဏာသိမ်းစစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်မှုကြောင့် နမ့်ခမ်းမြို့ ခံ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ အာဏာသိမ်းစစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်ခုပျက်စီးခဲ့ပြီး နမ့်ခမ့်ဒေသခံ ကချင်လူမျိုး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

“မနေ့က စျေးထဲမှာ တအာင်း(TNLA ) ဘက်က လူကြီး ၂ ယောက်ပစ်သတ်ခံရတာဖြစ်တယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့က TNLA တပ်ဖွဲ့ ၃ ဖွဲ့လောက်ခွဲပြီး ရပ်ကွက်တွင်မှာ လိုက်လံစုံစမ်း သွားလာနေတာဖြစ်တယ်။ အဲ့မှာ နောင်စန့်ကုန်းရပ်ကွက် လည်းရောက်ခဲ့ပြီး ပြန်တက်သွားချိန် စစ်တပ်ဘက်မှ လက်နက်ကြီးနဲ့ လိုက်ပစ်တာ နောင်စန့်ကုန်း လက်နက်ကြီးလာကျပြီး ပြည်သူ၆ဦး မှာ လက်နက်ထိမှန် ဒဏ်ရာရရှိသွားတာဖြစ်တယ်။” ဟု ဒေသခံ ပြည်သူတစ်ဦး KNG သတင်းဌာနကိုပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသော ဒေသခံပြည်သူ ၆ ဦးမှာ ဒေါရွယ်ဂျီး အသက် ၆၆ နှစ် ၊ ဒေါ ထုဆိုင်း အသက် ၆၀ နှစ် ၊ ဦး မာတူး အသက် ၃၂ နှစ်၊ မောင်ဆွတ်ရိန်အောင် အသက် ၅ နှစ်၊ မ ရွယ်ပန် အသက် ၅ နှစ် ၊ မဂျာဆိုင်းအိန် အသက် ၂ နှစ် တို့ဖြစ်သည်။

လက်ရှိ ၄င်းတို့ကို နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူစေပြီး ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ယမန်နေ့က နမ့်ခမ်းစျေးတွင် ငွေကြေးလာရောက်ကောက်ခံသော TNLA ဝန်ထမ်း ၂ ဦးပစ်သတ်ခံရပြီးနောက် ယနေ့ နံနက်ပိုင်းကစတင်ပြီး TNLA တပ်ဖွဲ့များ မြို့တွင်းကို ရောက်လာရာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ပြည်သူများ ထိခိုက်ခဲ့ခြင်း ဖြစ်သည်။

 

Show More

Related Articles

Back to top button