ရှမ်းမြောက် မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဇန်နဝါရီလ ၂ ရက်နေ့ကနေ မနေ့က ၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ မနေ့က နံနက်ပိုင်း ၁၀ နာရီကနေ ည ၁၀ နာရီအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက် တပ်ရင်း ၃၆ နယ်မြေကို စစ်ကောင်စီ စကခ – ၁၇ အောက် ခမရ – ၃၃၂ တပ်ဖွဲ့က ဝင်ရောက်လာတာကြောင့် ဖွန်းပြန်ယန် အထက်က ကားတိုင်ကုန်းပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာကနေ လက်နက်ကြီး ပစ်နေတာ … Continue reading ရှမ်းမြောက် မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ပြင်းထန်