ကချင်-တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်မဖွင့်သည့်အတွက် စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရ

ကချင်-တရုတ်နယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ကုန်ဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖွင့်ရန် သဘောတူညီမှုရှိခဲ့သော်လည်း ကိုဗစ်ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံဘက်က ဂိတ်မဖွင့်သေးသောကြောင့် တရုတ်သို့တင်ပို့မည့် စိုက်ပျိုးသီးနှံများပျက်စီးသွားသဖြင့် စွန့်ပစ်နေရကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ် ကုန်ရေးဂိတ်ကို တရုတ်အစိုးရဘက်က ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ကတည်းကပိတ်ထားခဲ့ရာ ကုန်သွယ်ရေးလမ်းကြောင်းရပ်နားထားသည်မှာ ခြောက်လကျော်ကြာမြင့်နေပြီ ဖြစ်ပြီး တရုတ်သို့တင်ပို့ရန်စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံများ တင်ပို့ခွင့်မရပဲ အမည့်လွန်ပြီး ထုတ်လုပ်ချိန် ကျော်လွန်နေသောကြောင့် စွန့်ပစ်နေရကြောင်း ငှက်ပျောစိုက်သူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”ပို့ခွင့်မရတော့ ဒီလိုပဲစွန့်ပစ်နေရတာ။ ဖရဲသီးကပိုဆိုးတယ် အ့ဘက်က ဖရဲသီးစိုက်တာပိုများတယ် ဝယ်လက်ကလည်းမရှိ တဲ့အခါမှာ စွန့်ပစ်ဖို့နေရာတောင်မရှိဘူး စွန့်ပစ်ဖို့နေရာ မရှိလို့ပိုက်ဆံပေးပြီးစွန့်ပစ်နေရတဲ့အနေအထားတွေဖြစ်နေတယ် ရှုံးတဲ့ထဲမှာ ထပ်ပြီးတော့ကို အရှူံးခံရတဲ့သဘောမျိုးကိုဖြစ်သွားတယ်။”ဟု ငှက်ပျောစိုက်သူတစ်ဦးကပြောသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ဗန်းမော်ခရိုင်တွင်ပါဝင်ပြီး ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အဓိကပို့ကုန်မှာ တစ်သျှူးငှက်ပျော်၊ … Continue reading ကချင်-တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်မဖွင့်သည့်အတွက် စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရ