ခေါင်လန်ဖူးဒေသသို့ နယ်လှည့်ဆေးကုမည့် အစီအစဥ်အတွက်ပရဟိတ ဆရာဝန်နှစ်ဦးအရေးပေါ် လိုအပ်နေ

ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသဘက်သို့ ၁ လကြာ နယ်လှည့်ဆေးကုသမည့်အစီအစဥ်တွင် ပါဝင်ကူညီပေးနိုင်မည့်ပရဟိတ ဆရာဝန်နှစ်ဦးလိုအပ်နေကြောင်း သိရသည်။ ”ကျွန်တော်တို့ဆီမှာ ဆေးဝါးတွေတော့ ရောက်သင့်သလောက်တော့ရောက်ပြီ။ လောလောဆယ်က ကျွန်တော်တို့ ပန်းဥယျာဥ်လူမှုကူညီရေးအသင်းထဲက ဆေးအဖွဲ့တွေပဲဖြစ်နေတယ်။ ပရဟိတဆရာဝန်နှစ်ယောက်လောက်ဆိုပြီး အကူအညီတောင်းနေတာ မရသေးဘူးဖြစ်နေတယ်။ ဆေးဝါတွေတော့စုဆောင်းထားပြီ လိုအပ်တာတွေလည်းရှိတော့ရှိတယ် သို့ပေမယ့် အဓိကလိုအပ်နေတာက ဆရာဝန်နှစ်ယောက်လိုနေတာ တစ်လလောက်ကြာမှာဆိုတော့ ဆရာဝန်တွေကအ့လောက်အချိန်ပေးနိုင်တဲ့လူမရဘူးဖြစ်နေတယ်” ဟု ပန်းဥယျာဥ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။ ပန်းဥယျာဥ်လူမှုကူညီရေးအသင်းအနေဖြင့် လာမည့်ဖေဖော်ဝါရီလတွင် သွားရောက်ဆေးကုသရန်စီစဥ်ထားပြီး ရှိန်းခေါင်ရွာ၊ အမတ်ဂျုံရွာနှင့် အနီးတဝိုက်ရှိကျေးရွာများအားလုံးတွင် လှည့်လှည်ဆေးကုသပေးသွားမည်ဖြစ်ပြီး လိုအပ်လာပါက ခွဲစိတ်ကုသပေးရန်အထိ ပြင်ဆင်ထားသောကြောင့် ဆရာဝန်လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့ဘက်ကပြင်ဆင်ထားတာကတော့ ကြုံရင်ကြုံသလိုပေါ့ ခွဲစိတ်ကုသရမယ့် လူနာကြုံလာရင်ခွဲစိတ်ကုသမယ် အခြေခံဆေးဝါးကုသရေး ပေါ့။ အဲလောက်အတိုင်းအတာအထိ သွားသွားရောက်ကုသဖို့ပြင်ဆင်ထားတယ်” ဟု အသင်းတာဝန်ရှိသူကပြောသည်။ ရှိန်းခေါင်ဒေသဘက်သည် ကချင်ပြည်နယ်အတွင်း၌ လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံးဒေသဖြစ်သည့်အတွက် … Continue reading ခေါင်လန်ဖူးဒေသသို့ နယ်လှည့်ဆေးကုမည့် အစီအစဥ်အတွက်ပရဟိတ ဆရာဝန်နှစ်ဦးအရေးပေါ် လိုအပ်နေ