သတင်း

( ၇၄) ကြိမ်‌မြောက် ကချင်ပြည်နယ်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားနေအိမ်အချို့တွင် ကချင်အမျိုးသားအလံ လွှင့်တင်

ဇန်နဝါရီလ ၁၀ရက်နေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ကချင်တိုင်းရင်းသားများ၏ နေအိမ်အချို့တွင် ကချင်အမျိုးသားအလံလွှင့်တင်ကာ ဂုဏ်ပြုခဲ့ကြကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒေသခံတစ်ဦးကခုလိုပြောသည်။

“ကချင်​ပြည်နယ်နေ့ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ အိမ်မှာအလံထောင်ထားရတာပါ။ အိမ်ကကလေးအငယ်တွေ ဘာလို့ဒီနေ့မှ အလံထောင်တာလဲလို့မေးရင် ပြောပြလို့ရတယ်။ မိဘအနေနဲ့ သိသလောက်ပြောပြဖြစ်တယ်။” လို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် မနက် ၆ နာရီမှစကာ ကချင်အမျိုးသားအလံကို လွှင့်ထူခဲ့ကြပြီး မိသားစုတွေအလိုက် စည်းဝေးဆုတောင်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။

ထို့ပြင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား ယခင် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါအခြေနေကြောင့် မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ကချင်ပြည်နယ်အစိုးရရုံးတွင်သာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ကြသည်။

အလားတူ (၇၄)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်သည်လည်း မနောကွင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ WMR (ကချင်အမျိုးသားအတိုင်ပင်ခံရုံး) တွင် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ရကြောင်း ဆုတောင်းပွဲ ဦးဆောင်သူ တစ်ဦးက ခုလိုပြောသည်။

“ကျနော်တို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ကနေပြီး ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲလုပ်တယ်။ အရင်နှစ်တွေအတိုင်းပဲ Kachin State Day ကို ကြိုဆိုတဲ့အနေနဲ့ အိမ်တိုင်း ကချင်အလံကို လွှင့်ထူပြီး ကြိုဆိုကြတယ်ပေါ့။ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့လဲ ကိုယ်အဆင်ပြေသလို ဆုတောင်းချီးမွမ်းပွဲလုပ်လို့ရအောင် ရည်ရွယ်တာပေါ့။” ဟု KNG ကချင်သတင်းဌာနကို ဆက်ဆိုထားပါသည်။

အလားတူ ယခုနှစ်တွင် ဝိုင်းမော်မြို့ ၊ဖားကန့်မြို့နှင့် ဗန်းမော်မြို့တွင်လည်း နေအိမ်အချို့တွင် ကချင်အမျိုးသားအလံ စိုက်ထူခြင်းအစီစဉ်ကိုပြုလုပ်ခဲ့ကြသည်။

Show More

Related Articles

Back to top button