ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ CDM ပြုလုပ်ထားသည့် ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှလိုက်လံဖမ်းဆီးနေပြီး ဆရာမတစ်ဦး ဖမ်းခံသွားရကြောင်း ဒေသခံများမှ သိရသည်။ “စစ်ကျွန်ပညာရေးစနစ်ကြီးကို မကြိုက်လို့ CDM လုပ်ထားတဲ့ ဆရာ/ ဆရာမတွေကို လိုက်ဖမ်းနေတာ တစ်ပတ်ကျော်ရှိလာပြီ နေ့တိုင်းလိုလို ရပ်ကွက်တစ်ခုမဟုတ် တစ်ခု တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်‌ပြီး ဖမ်းနေတာ ရွှေကျီးနား ရပ်ကွက်က ဆရာမတစ်ယောက်ဖမ်းခံသွားရတယ်” ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။ လက်ရှိ ဖမ်းဆီးခံသွားရသည့် ဆရာမသည် အ.မ.က မလူလာကျောင်းမှ CDMဆရာမပြုလုပ်ထားပြီး ရွှေကျီးနားရပ်ကွက်နေသည့် ဆရာမ အိလင်းခိုင်ဆိုသူဖြစ်ကြောင်း သိရသည်။ ဆရာမ အိလင်းခိုင်သည် ဇန်နဝါရီလ ၇ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇန်နဝါရီလ ၉ရက်နေ့တွင် ဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံအချို့ ပြောဆိုနေမူအပေါ် KNG သတင်းဌာနမှ ဆက်စုံစမ်းနေဆဲဖြစ်သည်။ … Continue reading ဗန်းမော်မြို့အတွင်းရှိ CDM ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေ