ဖောင်းဆိုင်ဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ပင်ခံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်၊ မိုးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသတွင်း စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်တားမြစ်‌နေကြောင်း စစ်ရှောင်များ ကူညီပေးနေသူများမှ သိရသည်။ “ဖြစ်သလို ရှိတာနဲ့ ချွေတာ စားနေကြတယ်။ အခု တကယ်ကို ရိက္ခာက ပြတ်တောက်လုနီးပါး ဖြစ်နေပြီ။ ကြံခုတ်လို့ ရထားတဲ့ ပိုက်ဆံတွေလဲ ကုန်လာပြီ။ ဘာမှ လုပ်လို့ မရတော့ တော်တော်ခက်ခဲလာပြီ။ ” ဟု ဒေသခံများ ကူညီပေးနေသူတစ်ဦးကပြောသည်။ စစ်ကောင်စီ ထိန်းချုပ်ရာ ဖောင်းဆိုင်ဒေသအတွင်း ပုံမှန်ဝင်ရောက်နေသည့် ကုန်ကားများသာ ဝင်ခွင့်ပြုပြီး စစ်ရှောင်ပြည်သူနှင့် အခြားအဖွဲ့အစည်းများ၏ ကုန်ပစ္စည်း စားနပ်ရိက္ခာက သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်တားမြစ်‌ နေသည်မှာ တစ်လနီးပါးခန့်ရှိလာပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိ စစ်ကောင်စီတပ်သည် ဘန်ဆိုင်းမှစကာ ဖောင်းဆိုင်ဒေသသို့သွားသည့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများအား ကြုံရာစစ်ဆေးမေးမြန်းခြင်းများ … Continue reading ဖောင်းဆိုင်ဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ပင်ခံနေရ