Covid-19 Reportingသတင်း

မြစ်ကြီးနားတွင် ကိုဗစ်ကြောင့် သေဆုံးတွင် ဆက်ရှိနေ

မြစ်ကြီနားမြို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၄ ဦးရှိပြီဟု လူမှုကူညီရေးအဖွဲ့များထံမှ သိရပါသည်။

“၂၀၂၁ ခုနှစ်ထက်တော့ ကိုဗစ်-၁၉ကြောင့် ပိုးကူးစက်ခံရတဲ့သူနဲ့ သေဆုံးသူတွေ အခုလမှာတော့ သိသိသာသာ အများကြီး လျော့သွားပါပြီ။ သေဆုံးသူလည်း အများကြီး နည်းသွားပါပြီ။ ဒီလအတောအတွင်းမှာ တော့ ကျနော်တို့အသင်းအနေနဲ့ သိတာတော့ ကိုဗစ်ကြောင့် သေတဲ့သူ ၄ ဦးလောက်ရှိမယ်။” ဟု ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

မြစ်ကြီးနားရှိ ပြည်သူများအနေငြဖ့် ကိုဗစ်-၁၉ ရောဂါလက္ခာကြောင့် ဖျားနာကြသော်လည်း ဆေးရုံမတက်ဘဲ မိမိနေအိမ်တွင်သာ Home Quarantine အဖြစ် ဆေးကုသခံယူနေကြကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

“အခုလိုအချိန်မှာ ဆေးရုံကြီးမှာ ဖျားလည်းဘယ်သူမှ သွားမတတ်ကြဘူး။ ကိုယ့်အိမ်မှာပဲ Home Q အနေနဲ့နေပြီး ကျိတ်ကုနေကြရတယ်။ ကျမတို့ ရပ်ကွက်မှာ ဒီလအတွင်းပဲ ကိုဗစ်ကြောင့် သေသွားတဲ့သူတွေ ၃ ယောက်ရှိပြီ။ ယောက်ကျားတွေကြီးပဲ အသက် ၅၀ ဝန်းကျင်တွေပဲ ရောဂါအခံရှိတော့ မခံနိုင်ကြဘူးထင်တယ်။ ကျမတို့ တစ်အိမ်လုံးလည်း ဖြစ်ပြီးသွားပြီ။ ဘယ်ဆေးရုံမှ သွားမပြဘူး။ ဆေးရုံကို မယုံလို့။” ဟု မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ဒေါ်ရွယ်ဆိုင်းက ပြောသည်။

မြစ်ကြီးနားမြို့တွင်းရှိ ခရစ်ယာန် ဘုရားကျောင်းများကို ယခု ဇန်နဝါရီလ ၉ ရက်နေ့မှစပြီး ပုံမှန် လူစုလူဝေး ဝတ်ပြုနေကြပြီ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ယခုလ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာသစ်အယောက် (၂၃၇) ဦးနှင့် သေဆုံးသူ (၄) ဦး ရှိပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာ ၁၈၃ ယောက်ထိ ရှိပြီဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button