မြစ်ကြီးနားတွင် ကိုဗစ်ကြောင့် သေဆုံးတွင် ဆက်ရှိနေ

မြစ်ကြီနားမြို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၄ ဦးရှိပြီဟု လူမှုကူညီရေးအဖွဲ့များထံမှ သိရပါသည်။ “၂၀၂၁ ခုနှစ်ထက်တော့ ကိုဗစ်-၁၉ကြောင့် ပိုးကူးစက်ခံရတဲ့သူနဲ့ သေဆုံးသူတွေ အခုလမှာတော့ သိသိသာသာ အများကြီး လျော့သွားပါပြီ။ သေဆုံးသူလည်း အများကြီး နည်းသွားပါပြီ။ ဒီလအတောအတွင်းမှာ တော့ ကျနော်တို့အသင်းအနေနဲ့ သိတာတော့ ကိုဗစ်ကြောင့် သေတဲ့သူ ၄ ဦးလောက်ရှိမယ်။” ဟု ဧရာဝတီ ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။ မြစ်ကြီးနားရှိ ပြည်သူများအနေငြဖ့် ကိုဗစ်-၁၉ ရောဂါလက္ခာကြောင့် ဖျားနာကြသော်လည်း ဆေးရုံမတက်ဘဲ မိမိနေအိမ်တွင်သာ Home Quarantine အဖြစ် ဆေးကုသခံယူနေကြကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ “အခုလိုအချိန်မှာ ဆေးရုံကြီးမှာ ဖျားလည်းဘယ်သူမှ သွားမတတ်ကြဘူး။ ကိုယ့်အိမ်မှာပဲ … Continue reading မြစ်ကြီးနားတွင် ကိုဗစ်ကြောင့် သေဆုံးတွင် ဆက်ရှိနေ