သတင်း

မြစ်ကြီးနားတွင် ငွေစက္ကူအတုများ ပျံနှံနေ

မြစ်ကြီးနားရှိ ပညာရေးစင်တာတစ်ခုတွင် သင်တန်းကြေးလာရောက်ပေးသွင်းသော မိဘတစ်ဦးထံမှ ငွေစက္ကူ ၁ သောင်းတန်အတု တွေ့ရှိခဲ့သည်ဟု လက်ခံရရှိသူက KNG ကို ယခုလို ပြောသည်။

“ငွေစက္ကူအတုမှန်း မသိတဲ့မိဘတွေဖြစ်တယ်။ ကျနော့်ကျောင်းမှာ ကျောင်းလခ အဖြစ်ပေးတဲ့ထဲ ပါလာတာ။ ကြည့်လိုက်တော့ အရမ်းကွာတယ်။ ကျနော်တို့ ကြည့် လိုက်ရင် အစစ်နဲ့အတု ငွေစက္ကူကွာတယ်၊ အစစ်က ကြမ်းတယ်၊ အတုက ချောချောလေး နဲ့ ရေစာမပါဘူး။ ၁၀၀၀ ဆိုတဲ့နေရာမှာ ပတ်ထားတဲ့ အရောင် ကအတုမှာအရောင်ပြောင်းတယ်။ အစစ်မှာမပြောင်းဘူး။ အွန်လိုင်းမှာ ငွေစက္ကူအတုဆိုပြီး ရောင်းနေတဲ့သူတွေကိုက ရှိနေတာ တွေ့ရတယ်။ ဒါက နိုင်ငံရေးလည်း မတည်ငြိမ်ဆိုတော့ ဒီထက်ပျံ့နှံ့အသုံးပြုလာနိုင်တယ်” ဟု ၁ သောင်းတန် ငွေစက္ကူအတုတွေ့ရှိသူ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုမှန်းသိပြီး အသုံးပြုနေသူများရှိနေသလို အတုမှန်း မသိပဲ အသုံးပြုနေသူများလည်း ရှိနေသည့် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။

ငွေစက္ကူ ၁ သောင်းတန်အတု သာမက ၁ ထောင်တန် နှင့် ၅၀၀၀ တန် အတုများလည်း ပျံ့နှံ့နေသည်ကို ကြားရကြောင်း သူက ဆက်ပြောသည်။

“ကျနော် ကြားသိရသလောက်တော့ ၅၀၀ တန်၊ ၁၀၀၀ တန် ၊ ၅၀၀၀ တန် အတုတွေလည်း ရှိနေတာ တွေ့ရတယ်။ ဒီလောက်ဆိုရင်တော့ ကျနော်တို့ဆီ တော်တော်ပျံ့နှံ့နေသလောက်ရှိပြီ။ နောက်ပိုင်း ပိုမိုဆိုးရွာလာမဲ့အခြေအနေရှိတယ်။ အဓိကကတော့ ငွေစက္ကူအတုပြုလုပ်သူတွေက ခက်ခဲတဲ့ပြည်သူတွေ၊ အခြေခံစျေးဆိုင်အသေးတွေကို ပိုပြီး Target ထား အသုံးပြုလာနိုင်တယ်။ ဒါကြောင့် အားလုံးသေချာ သတိထားဖို့ပြောချင်တယ်။” ၎င်းက ဆက်ပြောသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြစ်ကြီးနားမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုတွေ့ ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Show More

Related Articles

Back to top button