Covid-19 Reportingသတင်း

မြစ်ကြီးနားတွင် တစ်ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦးရှိ၊ လူပေါင်း ၂၀၀ ကျော်ကိုဗစ်ကူးစက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦး ရှိခဲ့ပြီး တစ်ပြည်နယ်လုံးကိုဗစ်- ၁၉ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိအမျိုးသားတစ်ဦး၊ အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားနှင့် အသက် ၄၀ အရွယ်ရှိအမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၈၀ ကျော်အထိရှိခဲ့ ကြောင်း စစ်ကောင်စီလက်ခံအောက်ခံ မြစ်ကြီးနားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
”သေဆုံးသွားတဲ့ လူနာတွေက သီတာရပ်ကွက်ကတစ်ယောက်ပါတယ်။ ပြီးတော့ တစ်ယောက်က ဖားကန့်က ဖားကန့်ကတော့အမျိုးသမီး ဟုတ်တယ် နောက်အမျိုးသားတစ်ဦးက သူ့ရဲ့နေရပ်က မိုးကောင်းကပါ ဒီဘက်မှာအနေကြာတဲ့လူတွေလို့သိရတယ်”ဟု မြို့နယ်ကျန်းမာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့က ကိုဗစ်- ၁၉ ကူးစက်ခံရသည့် ၂၈၀ ကျော်တွင် မြစ်ကြီးနားခရိုင် မှ ၁၂၀ဦးကျော်၊ မိုးညှင်းခရိုင်မှ ၁၀၀ကျော်၊ ဗန်းမော်ခရိုင်မှ ၄၅ ဦးနှင့် ပူတာအိုခရိုင်မှ ၁၇ ဦးပါဝင်ပြီး အများဆုံးကူးစက်ခံရသည့် မြို့နယ်မှာ ဖားကန့်မြို့နယ်ဖြစ်ပြီး ၆၁ တစ်ဦးအထိ ကူးစက်ခံခဲ့ရကြောင်းသိရသည်။
အလားတူ ယခုရက်ပိုင်းတွင်ကချင် ပြည် နယ် အတွင်း၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တစ်ရက်ခြား တစ်ရက်လျှင် နှစ်ဦးနှုန်းသေဆုံးမှုရှိနေကြောင်းသိရသည်။
ကချင်တစ်ပြည်နယ်လုံးတွင်ကိုဗစ် တတိယ လှိုင်းစတင်ချိန်မှ ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ သေဆုံးသူ ၉၀၀ ကျော်၊ ကူးစက်ခံရသူ ၂၀၀၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။
Show More

Related Articles

Back to top button