ပူတာအို-မြစ်ကြီးနားလမ်းပိုင်းကို မတ်လ ၂ ရက်နေ့ စဖွင့်မည်ဖြစ်သော်လည်း ခရီးသည် တင်ခွင့်မရ
ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ခရီးသည်တင်ခွင့်ပြုမည်မဟုတ်သေးကြောင်း သိရသည်။ ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင် ဖေဖော်ဝါရီလ ဆန်းပိုင်းမှစတင်ကာ KIA၊ PDFနှင့်စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးပိုမိုတင်းမာလာပြီး တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် ယင်းလမ်းပိုင်းကို KIAနှင့် PDF တို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိယာယီပိတ်ထားခဲ့ရာ မတ်လ ၂ နေ့တွင်ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး စားသုံးကုန်နှင့် လူသုံးကုန်များသာ တင်ခွင့်ပေးမည်ဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ ”မတ်လ ၂ ရက်နေ့စဖွင့်ပေးမယ်လို့သိရတယ်ဗျ။ ကုန်ကားတွေပေါ့ ကုန်ကားတွေပဲ သွားလာခွင့်ပေးမယ်တဲ့ခရီးသည်တွေတော့ တင်ခွင့်မရဘူးတဲ့။ပူတာအိုမှာစားသောက် ကုန်တွေပြတ်လပ်နေတဲ့အတွက် ကုန်ကားတွေပဲသွားခွင့်ပြုမယ်လို့သိရတယ်”ဟု ပူတာအိုမြစ်ကြီးနား လမ်းပိုင်းတွင်မောင်းနှင်နေသည့် ကားဆရာတစ်ဦးကပြောသည်။ ယခုကဲ့သို့လမ်းပိတ်ထားသည့်အတွက်ပူတာအိုဒေသဘက်တွင် မြစ်ကြီးနားမှ မှာယူတင်သွင်းသည့် စားသောက်ကုန် မွေးမြူရေးကြက်၊ ဝက်၊ ဆား၊ ဆီ၊ ဆန်အစရှိသည့်စားသောက်ကုန်များ ပြတ်လပ်မှုများဖြစ်နေပြီးစျေးနှုန်းမြင့်တက်နေကြောင်းလည်းသိရသည်။ ”လမ်းကတော့ဖွင့်ပေးရမှာပဲ … Continue reading ပူတာအို-မြစ်ကြီးနားလမ်းပိုင်းကို မတ်လ ၂ ရက်နေ့ စဖွင့်မည်ဖြစ်သော်လည်း ခရီးသည် တင်ခွင့်မရ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed