မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး

မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်အတွင်းရှိ လမ်းဘေးနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် မူးယစ်ဆေးဝါး လာရောက်သုံးစွဲသူများကို ရပ်ကွက်နေပြည်သူများက ဖမ်းဆီးကာ အပြစ်ပေး ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ရပ်ပူရပ်ကွက်အတွင်း၌ ယခုနောက်ပိုင်းတွင် လမ်းဘေး လမ်းကြိုလမ်းကြားနှင့် အများပြည်သူနှင့်သက် ဆိုင်သည့်နေရာ များတွင် မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူများတစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ နေသောကြောင့် ရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်သွားစေရန်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ် ကြောင်း ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။ “အဓိက ကတော့ကွာ ဒီရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေများလို့ ခိုက်ရန်ဖြစ်ပွားမှုတွေများတယ်။ ခိုးဆိုးလုနှိုက်မှုတွေများလာတယ် အဲ့ဒါကြောင့် ရပ်ကွက်ထဲကလူငယ်တွေစုစည်းပြီးတော့ ရဲနှင့် ရပ်ကွက်တာဝန် ရှိသူတွေပေါင်းပြီးတော့ရပ်ကွက်ထဲမှာ လည့်လည်ပြီးတော့မှ မူးယစ်ဆေးသုံးနေတာတွေ့ရင် ငါးချက်လောက်ရိုက်ပြီး နောက်မလုပ်ဖို့ခံဝန်ကတိနဲ့ပြန်ခိုင်းတယ်” ဟု ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။ လတ်တလောမှာ ပညာပေးကာလအဖြင့် ရိုက်နှက်ပြစ်ဒဏ်ပေး၍ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းပြီးမှသာ ပြန်လွတ်ပေးလျက်ရှိပြီးနောက်ပိုင်းတွင် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ “အဲ့ဒီအဖွဲ့တွေက တစ်နေ့ကို ရမ်ပူရပ်ကွက်မှာ သုံးကြိမ်လောက်တော့လှည့်တယ် … Continue reading မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး