စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် မုံးကိုးဘက်ရောက်လာတဲ့ စစ်ရှောင်အချို့ကို ပြန်လှည့်နေရ

ရှမ်းမြောက် တရုတ် မြန်မာနယ်စပ်ရှိ မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် ထပ်‌ရောက်လာတဲ့ စစ်ရှောင်အချို့ ပြန်လှည့်နေရကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။ “လတ်တလော ဆန်နှင့် စားဆီ ခက်ခဲနေတယ်။ လူဦးရေ ပြန်တိုးလာရင် တခြားနေစရာ နေရာနဲ့ စားစရာ မရှိတော့လို့ တချို့ကိုတော့ တိုက်ပွဲလည်း မဖြစ်တော့တာကြောင့် လက်မခံတာ ဟုတ်တယ်။” လို့ စစ်ရှောင် စခန်းမှာ စီမံ ခန့်ခွဲနေသူ တစ်ဦးက ပြောပါတယ်။ အချိန် ကြာလာတာနဲ့အမျှ ဘာသာရေး ဘုရားကျောင်းဝင်းအတွင်း ဟောခန်းမ၊ ဝန်ထမ်းအိမ်ယာ စတဲ့နေရာတွေမှာ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများပြုလုပ်ရန်ရှိလာတဲ့အတွက် စစ်ရှောင်များ တည်းခိုဖို့ပင် ကြပ်တည်းလာနေတယ်လို့ ဆိုပါတယ်။ မုန်းပေါ်ပြည်သူ့စစ်အဖွဲ့ရဲ့ ငြိမ်းအေးမြေကုမ္ပဏီမှာ ခိုလှုံနေတဲ့နေရာမှာလည်း လူဦးရေ တိုးလာတာကြောင့် … Continue reading စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲကြောင့် မုံးကိုးဘက်ရောက်လာတဲ့ စစ်ရှောင်အချို့ကို ပြန်လှည့်နေရ