စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်

ကသာနယ်၊ ချောင်းဝကျေးရွာမှ မင်းကျောင်းကုန်းဖက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် တက်လာသည့် စစ်ကောင်စီတပ် ယမန်နေ့ညက တိုက်ခိုက်ခံရကြောင်း သိရသည်။ ဧပြီ ၂၂ ရက် ယမန်နေ့ည ၈ နာရီဝန်းကျင် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်းသည် ချောင်းဝရွာဖက်မှ မင်းကျောင်းကုန်းရွာဖက်သို့ ဦးတည်ထွက်ခွာစဥ် မြို့လှ KPDF တပ်ခွဲ (၁) မှ RPG လက်နက်နှင့် ၇၉ မမ များဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့လှ PDF တပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “မနေ့ညက တိုက်ပွဲတော့အနီးကပ်တိုက်ပွဲဖြစ်တယ် ကျနော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးက စစ်ကြောင်းချီလာတဲ့ အလယ်တည့်တည့်ကိုကျပေါက်ကွဲသွားတာ ထိခိုက်သေဆုံးမူများနိုင်တယ်။ ချောင်းဝရွာထဲကိုလည်း ဒဏ်ရာရတဲ့သူတွေ သယ်လာတယ်လို့လည်းကြားတယ်” လို့ မြို့လှ PDF တပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် … Continue reading စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်