ရွှေတူးဖော်မှု၊ ချောင်းရေ ပျက်စီးမှုကြောင့် ဒေသခံများ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမည်ကို စိုးရိမ်

ပူတာအိုဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေသောကြောင့် ဒေသတွင်း မြစ်ချောင်း ၄ ခု အရောင်းပြောင်းကာ ပျက်စီးနေပြီဟု ဒေသခံများ ပြောသည်။ ရွှေတူးဖော်မှုကြောင့် အောက်ရှန်ဂေါင်ကျေးရွာတွင် စီးဆင်းနေသော နမ့်ဟာချောင်းသည် မြစ်ချောင်းတစ်ခုလုံး အနီရောင်အဖြစ် အရောင်ပြောင်းသွားသဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းများ အမြန်ရပ်တန့်ပေးရန် လိုအပ်သည်ဟု အောက်ရှန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “ရွှေတူးနေတဲ့ လုပ်ငန်းတွေကို အခုကတည်းကနေ ရပ်တန့်စေချင်ပါတယ်။ ဘယ်သူ့ရဲ့ ခွင့်ပြုချက်နဲ့ ဘယ်လိုလုပ်နေတယ်ဆိုတာက မသိရဘူး။ အခုဆိုရင် အားလုံးမြင်တဲ့အတိုင်းဘဲ ချောင်းတွေလည်း နီ ကုန်ပြီ။ နီတာတောင်မှ အရင်ကထက် ၂ဆလောက် နီရဲသွားပြီ။ စက်ယန္တရားကြီးတွေနဲ့ ဒီလိုသာ ဆက်သွားနေမယ် ဆိုရင် သဘာဝအရင်းအမြစ်တွေကုန်ဆုံးသွားမယ်။” ဟု ပြောဆိုသည်။ ပူတာအို မြို့နယ် မန်စေ အုပ်စု အောက်ရှန်ဂေါင် … Continue reading ရွှေတူးဖော်မှု၊ ချောင်းရေ ပျက်စီးမှုကြောင့် ဒေသခံများ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမည်ကို စိုးရိမ်