ဗန်းမောက်မြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ် ၃ ဦးသေ
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ် ဧပြီလ ၂၆ ရက်နေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲ၊ မီးတပ် နှင့် ကျန်းမာရေးဝန်ထမ်းများ ဂိတ်ထိုင်စစ်ဆေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုရဲမှူးတစ်ဦး၊ ရဲတပ်သားတစ်ဦး၊ မီးသတ်တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။ “အဲ့ဂိတ်က ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်နားမှာ ထိုင်ထားတာကတော့ ကိုဗစ်ကာလမှာ ကိုဗစ်-၁၉ စဖြစ်စစ်ဆေးဂိတ် ဟုတ်တယ်။ အခုအာဏာသိမ်းနောက်ပိုင်း စစ်သားနဲ့ရဲထိုင်တယ်။ အခုက အဲ့ဂိတ်မှာ ကာကွယ်ဆေး ထိုးပေးမယ်ပြောတယ်။ Nurse မတွေလည်း ထိုင်တယ် မနေ့ကတော့ရှင်းတယ်။ … Continue reading ဗန်းမောက်မြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ် ၃ ဦးသေ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed