Covid-19 Reportingသတင်း

ဧပြီလအထိ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုစာရင်း

ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၈) မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ အထိ ကိုဗစ်-၁၉ ပိုးကူးစက်သူ စုစုပေါင်း (၆၀၅၇) ဦး ရှိလာသည့်အပြင် သေဆုံးသူ (၆) ဦး ထိရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် လူမူကူညီရေးအသင်းများထံမှ သိရသည်။

သို့သော် အဆိုပါစာရင်းများသည် စစ်ကောင်စီတပ်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေကြား မြို့နယ် ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ သူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ ဧပြီလ အထိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ (၂၀၁၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ (၅၀၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ (၁၄၃) ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် (၁၅၆) ဦးနှင့် သေဆုံး (၁) ဦး ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ (၁၉) ဦးနှင့် သေဆုံးမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ (၂၈၂၈) ဦး နှင့် သေဆုံးသူ စုစုပေါင်း (၅) ဦး ရှိခဲ့သည်။

ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ ဗန်မော်မြို့နယ်တွင် (၈၆၆) ဦးနှင့် သေဆုံးမရှိ ၊ မိုးမောက်မြို့နယ်တွင် (၁၇၈) ဦးနှင့် သေဆုံးမရှိ ၊ မံစီမြို့နယ်တွင် (၁၂၄) ဦးနှင့် သေဆုံးမရှိ ၊ ရွှေကူမြို့နယ်တွင် (၁၁၉) ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ပိုးတွေ့လူနာ (၁၂၈၇) ဦး ရှိသည်။

မိုးညှင်းခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ မိုးညှင်းမြို့နယ်တွင် (၅၅၄) ဦးနှင့် သေဆုံးမရှိ ၊ မိုးကောင်းမြို့နယ်တွင် (၁၆၁) ဦးနှင့် သေဆုံး (၁) ဦး ၊ ဖားကန့်မြိုနယ်တွင် (၄၃၃) ဦးနှင့် သေဆုံးမရှိ ပိုးတွေ့လူနာ စုစုပေါင်း (၁၁၄၈) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁) ဦး ရှိသည်။

ပူတာအိုခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ပူတာအိုမြို့နယ်တွင် (၅၀၆) ဦးနှင့် သေဆုံးမရှိ ၊ မချမ်းဘောမြို့နယ်တွင် (၁၀၉) ဦးနှင့် သေဆုံးမရှိ ၊ နောင်မွန်းမြို့နယ်တွင် (၇၀) ဦးနှင့် သေဆုံးမရှိ ၊ ခေါင်လန်ဖူးမြို့နယ်တွင် (၁၄) ဦးနှင့် သေဆုံးမရှိ ၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၉၅ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ရောဂါကူးစက်ခံရသူ (၇၉၄) ဦး ရှိသည်။

မြန်မာနိုင်ငံအတွင်း SARS-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိသူ ဦးရေ စုစုပေါင်း (၃၂၀)ဦး ထိ ရှိနေပြီး မတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြည်မနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ဝင်ရောက်လာသူများမှ အိုမီခရွန်-Omicron မျိုးခွဲသစ် BA.2 ကူးစက်ခံရသူ (၃၁) ဦး ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button