သတင်း

ဖားကန့်တွင် အမျိုးသားတစ်ဦး ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အမျိုးသားတစ်ဦးက ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။

မတ် ၈ ရက်နေ့ည ၈ နာရီ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်(ကိုယ်ရေးချက်လက်စုံစမ်းဆဲ) အရွယ်ရှိအမျိူးသားတစ်ဦးသည် ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုင်မိရာမှဓာတ်လိုက်သေဆုံးခဲ့ကြောင်း အဆိုပါရုပ်အလောင်းကိုသွား ရောက် သယ်ဆောင်ခဲ့သည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက KNG သို့ပြောသည်။

“ဓာတ်ကြိုးက ပြုတ်ကျနေတာလား ဘယ်လိုလဲတော့မသိရဘူး သူက ညာဘက်လက်မှာ ဓာတ် ကြိုးကိုင်လျက်ကြီးနဲ့သေနေတာလေး။ ကျနော့်အထင်ကတော့ဓာတ်ကြိုးကပြုတ်ကျနေတာနေမှာ အာ့ကြောင့်ကိုင်မိတာနေမှာ ဒဏ်ရာ‌တော့မတွေ့ရဘူး ညာဘက်လက်ကြီးက တောင့်တောင့်ကြီးပြန်ခေါက်လို့မရတော့ဘူး”ဟု လူမှုကူညီရေးအသင်းမှတာဝန်ရှိသူကပြောသည်။

သေဆုံးသည့်အမျိုးသားသည် မိုးရွာသွန်နေသည့်အချိန်လည်းဖြစ်သည့်အတွက် ဓါတ်ကြိုးမှတစ်ဆင့်ဓါတ်လိုက်သေဆုံးခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ယင်းအမျိုးသားသေဆုံးမှုဖြစ်ပွားခဲ့သည့်နေရာသည် ယခင်သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ထောင့်နေရာတွင်ဖြစ်ပွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းကိုဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

ဖားကန့်ဒေသတွင် ယခုကာလ၌ မူးယစ်ဆေးဝါးသုံးစွဲသူများက မီးကြိုးများခိုးယူ ဖြုတ်ယူမှုများလည်းမကြာခဏဖြစ်ပွားလျက်ရှိကြောင်းဒေသခံများထံမှသိရသည်။

Show More

Related Articles

Back to top button