အင်းတော်တွင် PDF အဖွဲ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသော လူအုပ်စုကို Tiger Army အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မတ် ၁၀ ရက်နေ့ ညပိုင်း မော်လူးမြို့ရှိ နေအိမ်တစ်အိမ်တွင် Tiger Army အဖွဲ့သားများက သွားရောက်ဝိုင်းဝန်း၍ ဖမ်းဆီးခဲ့ရာ ရောင်းဝယ်သူများနှင့်အတူ မူးယစ်ဆေးဝါးအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း Tiger Army အဖွဲ့တာဝန်ရှိသူက KNG သတင်းဌာနသို့ပြောသည်။ “ကျနော်တို့က မူးယစ်ဆေးရောင်းနေတဲ့အိမ်ကိုဝိုင်းပြီးဖမ်းတာပါ ပြေးတဲ့လူလည်းပြေးသွားကြတယ်။ ကျနော်တို့ဖမ်းမိတာက တရားခံခုနှစ်ယောက်ရယ်။ သူတို့နဲ့အတူ နံပတ်ဖိုးရယ် ယာမရယ် ဖမ်းမိတယ်ဗျ။ ဖမ်းမိတဲ့လူတွေကိုတော့ ကြိမ်ဒဏ်ခြောက်ချက်ပေးပြီး ဝန်ခံကတိနဲ့ပြန်လွတ်ပေးလိုက်တယ်”ဟု ၎င်းကပြောသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှာ ခန့်မှန်းကာလတန်ဖိုး ကျပ် ၄ သိန်းနီးပါးရှိပြီး ယင်းတရားခံများကို နောက်ထပ် ထပ်မလုပ်သတိပေးထားပြီး နောက်တစ်ကြိမ်ထပ်မိမည် ဆိုပါကာ ပ်ို၍ကြီးလေးသည့် ပြစ်ဒဏ်ပေးမည်ဟု သတိပေးကာပြန်လွတ်ပေးခဲ့ကြောင်း … Continue reading အင်းတော်တွင် PDF အဖွဲ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ