စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့

မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်အင်အား အလုံးအရင်းရောက်ရှိနေစဉ် ရေကြောင်းလမ်းကို သွားလာခွင့်ပိတ်ဆို့ထားသောကြောင့် အထက်ဘက် မလိခ မြစ်ကြောင်း တစ်လျှောက်ပြည်သူများ ခက်ခဲမှု ကြုံတွေ့နေသည်ဟု သိရသည်။ မေလ ၁၁ ရက်နေ့မှစပြီး တီယန်ဇွပ်ကျေးရွာ မလိခ အထက်ဘက်သို့ ကုန်တင်ပို့နေသောစက်လှေများကို စစ်ကောင်စီမှ သွားလာခွင့်ပိတ်ပင်ထားသည်မှာ ၃ရက်ခန့် ကြာမြင့်လာပြီဖြစ်သည့်အတွက် ပြဿနာအခက်အခဲ ကြုံတွေ့ရလာရကြောင်း ထိုနေရာတွင် မောင်းနင်းနေသော စစ်လှေတစ်မားတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “သူတို့ စစ်ကြောင်းဝင်လာတဲ့ နေ့မှာဘဲ မြစ်ဖျားဘက် တင်ပို့နေတဲ့ စက်လှေတွေကို ပိတ်လိုက်တယ်။ မြစ်ပေါ်မှာ ဘာစက်သံမှ မကြားချင်ဘူးလို့ ပြောဆိုထားတယ်။ အခုဆို ၃ ရက်လောက်ရှိနေပြီ ရေကြောင်းလမ်းပိတ်ထားတာ။ ဒီလိုဘဲအကြာကြီး ပိတ်ထားရင်တော့ အထက်ဘက်မှာရှိကြတဲ့ ပြည်သူတွေ ကုန်ပစ္စည်းတွေ ပြတ်လပ်လာမယ်။ … Continue reading စစ်ကောင်စီတပ် အင်အား ရာချီ ရောက်ရှိနေသော တီယန်ဇွပ်တွင် ရေလမ်းကြောင်းပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့