သတင်း

သူနာပြု သင်တန်း ကျောင်းမတက်ပါက ပယ်စာရင်းထဲ ထည့်လိုက်မည်ဟု သတိပေးခြိမ်းခြောက်မှုရှိနေ

မြစ်ကြီးနားမြို့ရှိ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူ များ အ‌နေဖြင့် ကျောင်းမတက်ပါက အမည်စာရင်း ပယ်ထုတ်သွားမည်ဟု သတိ‌ပေးခြိမ်းခြောက်မူများ ရှိ‌‌နေကြောင်း ကျောင်းသား/သူ များထံမှ သိရသည်။

မေလ ၁၂ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ထားသည့် မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူ များအနေဖြင့် ကျောင်းတက်ကြရန်နှင့် ကျောင်းတက်ခြင်း မရှိပါက အမည်စာရင်းပယ်သွားမည်ဟု ဖုန်းဖြင့် ခြိမ်း‌ခြောက်သတိ‌ပေးလာ‌ကြောင်း ကျောင်းသားတစ်ဦးက ခုလိုပြောသည်။

“ကျနော့သူငယ်ချင်းကနေတစ်ဆင့်ဆက်သွယ်လာတာ ကျနော်ကတော့စဉ်စားလိုက်မယ်။ တကယ်လို့ အခြေနေတွေကောင်းတယ်။ နောက်ထပ်ကျောင်းသားတွေတက်ဖို့ အများကြီးရှိတယ်ဆိုရင် စဥ်းစားနေတယ် အဲ့လိုပြောတော့ သူတို့က တက်ချင်ရင်လာတက်လိုက်တော့ တကယ်လို့မတက်ဘူးဆိုရင် ကျောင်းကနေ ပယ်တဲ့စာရင်းလုပ်နေတယ်။ တက်မယ်ဆိုမြန်မြန်လာတက်လိုက်တော့” လို့ အမည်မဖော်လိုသူ ကျောင်းသူတစ်ဦးက ပြောပြသည်။

ယခုလို ကျောင်းတက်ရန်ဖုန်းဆက်လာသူသည် မည်သူ မည်ဝါဆိုသည်ကို တိတိကျကျ ပြောကြားခြင်းမျိုး မရှိပဲ ကျောင်းမှ ဆက်သွယ်ခိုင်းခြင်းဖြစ်သည်ဟုသာ ပြောဆိုကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်များကို ကိုဗစ်ရောဂါကြောင့် ၂၀၁၉ခု နှစ်မှစတင်ကာ ယာယီပိတ်ထားခဲ့ပြီး ၂၀၂၁ တွင်စစ်တပ်က အာဏာသိမ်းမူ‌ကြောင့် ၂ နှစ်ကျော် ကြာမှ အာဏာသိမ်းစစ်တပ်မှ ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်သည်။

ကျောင်းသား/သူများသည် ကိုဗစ်ကြောင့် ၁နှစ်ကျော်ကြာပိတ်ထားခဲ့သော်လည်း ကျောင်းတက်ရန် မျှော်လင့်ခဲ့ကြသော်လည်း ၂၀၂၁ ခုနစ်ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းခဲ့သည့်အချိန်မှစကာ ကျောင်းတက်ရန် ဆုံးဖြတ်ရခက်ခဲသည့် အခြေနေရှိ‌နေ‌ကြောင်း လည်း သူနာပြုကျောင်းမှ ကျောင်းသူတစ်ဦးက ခုလိုပြောသည်။

“အခုဆိုပညာရေးအတွက်ကို လုံးဝခေါင်းထဲမှာ ပညာရေးကိုလိုက်လို့မရတော့ဘူး။ ဒီလိုဆက်ပြီး ပညာရေးနောက် ဆက်လိုက်နေရင် ကျနော်တို့အသက်တွေကြီးသွားမှာ တစ်ခြားစီးပွားရေးလုပ်လို့ရတော့မှာမဟုတ်ဘူး ကျောင်းပြန်တက်ဖို့ကိုလည်း ဆုံးဖြတ်ရခက်နေတယ် “လို့ အမည်မဖော်လိုသည့်ကျောင်းသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိတက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ် များကို ၂၀၂၂ ခုနှစ် မေလ၁၂ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်းကို စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် မြစ်ကြီးနားတက္ကသိုလ် သည်လည်း နေ့သင်တန်းကျောင်းကို မေလ၁၂ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူပေါင်း၅၀၀ ခန့်တက်ရောက်နေသည်ဟု မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖေ့စ်ဘုတ်စာမျက်နှာမှသိရှိရသည်။

Show More

Related Articles

Back to top button