သတင်း

နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့်သေဆုံးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နောက်ပြန်ကြိုးတုပ်ကာ ရိုက်နက်ထားပြီး ဒဏ်ရာများဖြင့်သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံ မှသိရသည်။

သေဆုံးနေသော အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းအား ဇွန်လ ၂ ရက် ယနေ့ နံနက်ပိုင်း ၈နာရီခန့်အချိန်တွင် ဆိုင်းတောင်ရွာအထွက် ရွာဟောင်းနားတစ်နေရာတွင်တွေ့ရှိခဲ့ကြောင်း အလောင်းကို ဆေးရုံပို့ပေးခဲ့သည့် လူမူကူညီရေးအသင်းမှ သိရသည်။

“ကျွန်တော်တို့သွားပို့ပေးတာကတော့ နတ်မော်နဲ့တော့ဝေးတယ် ဆိုင်းတောင်အထွက် ရွာဟောင်းနားမှာဗျဆိုင်းတောင်ရှေ့မှာရွာဟောင်းရှိတယ် လက်တွေကိုလည်းကြိုးနဲ့သုတ်ထားတယ် မျက်နာကိုလည်းတိပ်နဲ့ပတ်ထားတယ်”ဟု ၎င်းကပြောသည်။

သတ်ခံထားရသည့် နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာဗြဲသည် အသက် (၅၅) နှစ်ရှိပြီး ရိုက်နက်ထားသည့်ဒဏ်ရာများဖြင့်သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာမတွေ့ရှိရပဲ ရိုက်နက်ဒဏ်ရာများအပြင် လက်မောင်းကျိုးနေသည်ကိုလည်း တွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းများမှသိရသည်။

အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းကို ဖားကန့်ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ယခုညပိုင်းတွင် ၎င်း၏နေအိမ်တွင်ပြန်သယ်ယူသွားပြီဖြစ်ကြောင်းသိရသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီအားပေးထောက်ခံသည့် အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးများနဲ့ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ယူဆရသည့်အုပ်ချုပ်ရေးမှူးများလုပ်ကြံသတ်ဖြတ်ခံရမှုမကြာခဏဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ မေလ ၁ ရက်နေ့ကလည်း မက်လင်ချောင်အုပ်ချုပ်ရေးမှူးအပါဆွေမျိုးတော်စပ်သူ သုံးဦးစုစုပေါင်းလေးဦးပစ်သတ်ခံခဲ့ရသည်။

Show More

Related Articles

Back to top button