သတင်း

နတ်ချောင်းကျေးရွာတွင် သုံးရက်ဆက်တိုက်တိုက်ပွဲပြင်းထန်၊ နတ်ချောင်းရွာ ၅ ကြိမ်မြောက်မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား သုံးရက်ကြားတိုက်ပွဲ ပြင်းထန်နေကြောင်းသိရပြီး နတ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကလေးမြို့မှ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် မေလ ၃၁ရက်နေ့မှ စတင်ကာ နတ်ချောင်းကျေးရွာတွင်းသို့ တပ်စွဲနေထိုင်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး နတ်ချောင်းရွာကိုလည်းစစ် ကောင်စီတပ်က ၅ကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“နတ်ချောင်းဘက်မှာတော့ စစ်ကြောင်းတွေထိုးပြီးတော့ ထိတွေ့မှုတွေဖြစ်နေတယ်အခုလည်း လက်နက် ကြီးသံတွေကြားနေရတယ် ရွာကိုမီးရှို့တာလည်းသုံးရက်ရှိပြီ အခု ၅ ကြိမ်မြောက်ရွာကိုဝင်တယ်။ သူတို့ ရွာကနေမခွာဘူး ရွာမှာတပ်စွဲပြီးတော့ အင်အား ၂၀၀ ကျော်လောက်ရှိတယ် သုံးရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ယင်းတိုက်ပွဲတွင်ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် CNF တပ်ဖွဲ့နှင့် အခြားနယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းက တိုက်ခိုက်နေကြောင်းသိရသည်။

“အထိအခိုက်ကတော့ ပထနေ့တုန်းက PDF ဘက်ကရဲဘော်တစ်ယောက် ကျဆုံးတယ်။ ဒဏ်ရာတစ် ယောက်ရတယ် စစ်ကောင်စီဘက်ကတော့ အဲ့နေ့က ခန့်မှန်းခြေအနည်းဆုံးသုံးယောက်ကျတယ်လို့ သိရတယ် နောက်ပိုင်းတော့သေချာမသိရဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် နတ်ချောင်းကျေးရွာအတွင်းသို့ဝင်ရောက် တပ်စွဲနေထိုင်ခြင်းမှာ ယခုငါးကြိမ် မြောက်ရှိပြီဖြစ်ပြီး လွန်ခဲ့သည့် လေးကြိမ်မြောက်တွင် လူနေအိမ်စုစုပေါင်း ၂၅၀ ကျော်မီးရှို့ခဲ့ရာ ယခုတစ်ကြိမ်တွင် နေအိမ်အလုံး ၅၀ ကျော်မီးရှို့ခဲ့သောကြောင့် စုစုပေါင်း ၃၀၀ ကျော်မီးရှို့ဖျက်ဆီး ခံရလိုက်ပြီဖြစ်ကြောင်းသိရသည်။

အလားတူစစ်ကောင်စီတပ်ရွာထဲသို့ဝင်လာသည့်နေ့တွင် လက်နက်ကြီးများယမ်းသမ်းပစ်ခတ်ဝင်ရောက် ခဲ့ပြီး သက်ကြီးရွယ်အိုအများဆုံးစစ်ဘေးရှောင်နေသည့် ကျေးရွာဘုန်းကြီးကျောင်းသို့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူငါးဦးထိမှန်ခဲ့ပြီး သားအမိနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သော ကြောင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

နတ်ချောင်းကျေးရွာတွင် အိမ်ခြေ ၂၀၀၀ လူဦးရေ ၂၀၀၀၀ နီးပါးမှီတင်းနေထိုင်လျက်ရှိပြီး လျက်ရှိတွင် ကျေးရွာနေပြည်သုံးပုံနှစ်ပုံခန့်က စစ်ကောင်စီတပ်စတင်ဝင်ရောက်ခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလကတည်းက ဘေးလွတ်ရာတိန်းရှောင်နေရပြီး လတ်တလောသက်ကြီးရွယ်အိုနဲ့ သက်ကြီးရွယ်အိုစောင့်ရှာက်သူ အချို့သာ ကျေးရွာဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေရကြောင်း သိရသည်။

Show More

Related Articles

Back to top button