Fact Checkသတင်း

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းတိုက်ပွဲတွင် ကျဆုံးသွားသည့် တော်လှန်ရေးရဲဘော် (၁၅) ဦး နှင့် ဒဏ်ရာရရှိ ရဲဘော် (၃၅) ဦးအတွက် တစ်အိမ်ထောင်လျှင် ၃၀၀၀၀ ကျပ်ထောက်ပဲ့ရန် အမျိုးသားညီ ညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ညွန်ကြားထားသည်ဆိုသည့် ကြေငြာချက်အတု လူမှုစာမျက်နှာပေါ်တွင် ပျံ့ နှံ့နေသည်ကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်ချက်အတုကို ‘သူရအောင်’ ဆိုသူက ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက ရေးသားဖြန့်ဝေခဲ့ပြီး ‘PDF. တကောင် ၃၀၀၀၀. ရမယ် သေရင် NUG. ချီးမြင့်တဲ့ သုံးသောင်းနော် သုံးသောင်းကျပ်’ ဟု ရေးသားထားသည်။ ထို့အပြင် ထုတ်ပြန်ချက်အတုတွင် ဖော်ပြထားသော ကာကွယ်ရေးဝန်ကြီးဌာန၏ အီးမေလ်း မှားယွင်းနေသည်ကို တွေ့ရသည်။

လေ့လာဆန်းစစ်ချက်အရ အဆိုပါ ထုတ်ပြန်ချက်မှာ အတု သာဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏တရားဝင် ဖေ့ဘွတ်စ်ပေချ့်စာမျက်နှာ “Ministry of Defence-National Unity Government of Myanmar” အပြင် အခြား သမ္မတရုံး နှင့် အစိုးရရုံး စာမျက်နှာများတွင်လည်း ဇွန်လ ၂၉ ရက်နေ့က ထိုသို့ ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်း မရှိပါ။

လက်ရှိ ကရင်ပြည်နယ် မြဝတီတောင်ဘက် ဝေါလေ-ဥကရစ်ထကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO ပူးပေါင်းတပ် တို့ကြား ၄ ရက်ကြာအထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။

ကရင်ပြည်နယ်အတွင်း သတင်းများကို တင်ဆက်နေသော Karen Information Center တွင်လည်း မတွေ့ရသလို တိုက်ပွဲနှင့် ဆက်စပ်သော အတည်မပြုနိုင်သောသတင်းများကို ဖြန့်ဝေခြင်းမပြုရန် တိုက်ပွဲဝင်သော KNDO ဘက်ကမှလည်း ဇွန်လ ၂၉ ရက်နေ့ ထုတ်ပြန်ထားပါသည်။

ယခုလို ကာလများတွင် တိုက်ပွဲသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် သက်ဆိုင်သော သတင်းတု၊ သတင်းမှား များကို စစ်ကောင်စီဘက်တော်သားများမှ ဝါဒဖြန့် ဖြန့်ချီမှုများရှိနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သတင်းများကိုဖတ်ရှုရာတွင် သက်ဆိုင်ရာဌာနများတွင် တရားဝင်ဖော်ပြထားခြင်းရှိ မရှိနှင့် ဒေသတွင်း မီဒီယာများ၏ တင်ပြမှုများမှတဆင့်လည်း ကြည့်ရှုစစ်ဆေးကာ ယုံကြည့်သင့်ပါသည်။

Show More

Related Articles

Back to top button