သတင်း

စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် တိုင်းရင်းဆေးရုံတွင် PDF အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးနှင့် တပ်သား ၂ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် တိုင်းရင်းဆေးရုံအတွင်း စစ်ကောင်စီတပ်မှ တပ်စွဲထားသဖြင့် ဇူလိုင်လ ၃ရက်နေ့ ဆေးရုံဝင်းအတွင်းသို့ SNAKE EYES-PDF နှင့် မဟာမိတ်တပ်ပေါင်းတပ်တို့ မိုင်းဝင်ရောက်ထောင်ထားခဲ့ရာ ထိုနေရာတွင် ပေါက်ကွဲခြင်းမရှိဘဲ ဇူလိုင်လ ၅ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီဘက်မှ အဆိုပါ မိုင်းကို ပြန်လည်သိမ်ယူခဲ့သည့်အချိန်တွင် ပေါက်ကွဲသွားသည့်အတွက် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု SNAKE EYES-PDFထုတ်ပြန်ချက်အရသိရသည်။

“ညပိုင်း လူရှင်းတဲ့အချိန် သူတို့တပ်စွဲထားတဲ့နေရာမှာ မိုင်းသွားထောင်ထားပေးတာ။ အဲ့မိုင်းက မကွဲဘဲ အဲ့ဒီညမှာဘဲ သူတို့တွေ ပြန်တွေ့သွားတယ်။ သူတို့သိမ်းယူသွားတဲ့အချိန်မှာလည်း မကွဲသေးဘူး။ နောက် တစ်ရက်ခြားမှ သူတို့အရာရှိ တစ်ယောက်ကို ခေါ်ပြတဲ့အချိန်မှာဘဲ ကွဲသွားတာ။ အဲ့နေရာမှာ ပွဲချင်းပြီး ၂ယောက်က သေသွားတယ်”ဟု SNAKE EYES PDF မှပြန်ကြားရေးတာဝန်ခံ ကဆိုသည်။

ထိုနေရာတွင် မိုင်းပေါက်ကွဲမူကြောင့် စစ်အရာရှိတစ်ဦး၏ ရုပ်အလောင်အပါအဝင် သေဆုံးသည့် ရုပ်အလောင်း ၃လောင်း ဒဏ်ရာရရှိသူများကို ဇွန်လ ၅ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်တွင် ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ယူသွားကြောင်း ဆက်သိရသည်။

Show More

Related Articles

Back to top button