သတင်း

မူဆယ်မှာ ဗုံးပေါက်ကွဲသဖြင့် ယာဉ်ထိန်း အပါ ၃ဦး ထိခိုက်မှုရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ပေါ် နာရီစင် မီးပွိုင့်အနီး ရဲကင်းအနီးတွင် ယနေ့ ဩဂုတ် ၁ ရက်နေ့ နေ့လည် ၁၁ နာရီကျော်ခန့်က ဗုံးပေါက်ကွဲသဖြင့် ပြည်သူ့စစ် ၁ ဦး၊ ယာဉ်ထိန်းရဲ ၁ ဦး နှင့် အရပ်သား ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ထိတာက ပြည်သူနဲ့ဆို ၃ ယောက်။ ဖုန်းဆိုင်က မိန်းကလေးက လန့်ပြီးတော့ ရှော့ခ် ဖြစ်တာက ၂ ယောက်။ …. သေတာတော့ မရှိဘူး” ဟု ပရဟိတအဖွဲ့တစ်ဖွဲ့မှ သတင်းရင်းမြစ် တစ်ဦးက ရှင်းပြသည်။

ထိခိုက်ဒဏ်ရာရသူများကို ပရဟိတယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်သွားသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့တွင်လည်း မူဆယ်မြို့ ရပ်ကွက်တစ်ခုတွင် အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားသည့်အပြင် လုယက်မှု၊ ခိုးမှုများ မကြာခဏဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရကြောင်း မူဆယ်တွင် နေထိုင်သူများက ပြောသည်။

Show More

Related Articles

Back to top button