သတင်း

ဖမ်းဆီးခံထားရသည့် ဗိုလ်မှူး ၁ဦး၏ ဇနီးအား ပြန်လည်လွှတ်ပေး

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ရန်ကုန် ကြည့်မြင်တိုင်တွင် မြို့ပြလူငယ်သပိတ်အဖွဲ့အား  ကားနှင့်တိုက်သတ်ပြီးဖမ်းခဲ့သည့် ဗိုလ်မှူး ၁ ဦး၏ ဇနီးဖြစ်သူအား စစ်ကိုင်းတိုင်းတွင် အမည်မဖော်လိုသည့် PDF တပ်ဖွဲ့မှ ဖမ်းဆီးလိုက်နိုင်သော်လည်း ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့  စစ်ကိုင်းတိုင်းအဝေးပြေးလမ်းမတွင် ခရီးသည်ကားဖြင့်လိုက်ပါစီးနှင်းလာသည့် ဗိုလ်မှူး၏ မိန်းမဆိုသူအား စစ်ကိုင်းတိုင်းရှိ အမည်မဖော်လိုသည့် PDF တပ်ဖွဲ့မှ ကြိုတင်သတင်းရရှိမူကြောင့် ဖမ်းဆီးလိုက်နိုင်သော်လည်း ယနေ့ နံနက် ပြန်လည်လွှတ်ပေးခဲ့ကြကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

“PDF တွေက သတင်းရပြီး စောင့်ဖမ်းလိုက်တာ ဒါပေမယ့် အစည်းဝေးထိုင်ပီး မိသားစုနဲ့ မသက်ဆိုင်တာမို့ လူသားချင်းစာနာလို့ပြန်လွှတ်ပေးလိုက်တာ ဟုတ်တယ်ဟု ရှေ့တန်းသတင်းရင်းမြစ် တာဝန်ရှိသူကပြောသည်။

ရန်ကုန် ကြည့်မြင်တိုင် လူငယ်သပိတ်က်ို ကားဖြင့်တိုက်ကာ သပိတ်ဖြိုခွင်းခဲ့သည့် ဗိုလ်မှူးသည် ခြေလျင်တပ်ရင်း ၈၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဘိုဘိုဆိုသူဖြစ်ပြီး ကြည့်မြင်တိုင် သပိတ်စစ်ကြောင်းအား စစ်တပ်သုံး Double  Cab ကားဖြင့်အရှိန်ပြင်းစွာတိုက်ဖမ်းခဲ့သူဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လူငယ် ၅ ဦးဖမ်းဆီးခံရကာ ၂ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button