သတင်း

ဆိုင်းတောင်သပိတ်စစ်ကြောင်းအပြီး ဖမ်းခံရသူ ၈ ဦးအနက် ကိုသိန်းထွန်းကို အမှု ၂ခု ထပ်တိုးတရားစွဲ

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် သပိတ်စစ်ကြောင်းမှအပြန် ဖမ်းဆီးခံလိုက်ရသော ပြည်သူ ၈ ဦးကို စစ်ကောင်စီက ပုဒ်မအသီးသီးဖြင့် သြဂုတ်လ ၉ ရက်နေ့က တရားစွဲဆိုခဲ့ပြီးနောက် ၎င်းတို့အနက် ကိုသိန်းထွန်းကို ပုဒ်မနှစ်ခု ထပ်တိုး ထားသည်ဟု သိရသည်။

အဖမ်းခံရသူများအနက် ဒေါ်တိုး အသက် (၆၄) နှစ်၊ ဒေါ်ခိုင် အသက် (၅၁)နှစ် ၊ ဒေါ်မာလင်း အသက်( ၃၁) နှစ်၊ ဒေါ်လင်းလဲ့ အသက် (၄၁) နှစ်နှင့် ဒေါ်ငွေ အသက် (၃၀) နှစ်တို့ကို ပုဒ်မ၅၀၅ (က) တို့ဖြင့် အမှုဖွင့် တရားစွဲထားပြီး ၎င်းတို့နှင့်အတူ ပါလာသည့် ဦးသိန်းထွန်းကို ပုဒ်မ၅၀၅ (က) အပြင် လက်နက်အက် ဥပဒေ၁၉ () ဖြင့် ကနဦးက အမှုဖွင့်တရားစွဲခဲ့သည်။

သို့သော်လည်း ဦးသိန်းထွန်းကို အကြမ်းဖက်မှု ၁၉ () ၊ အကြမ်ဖက်မှု ၁၉ (က)တို့ဖြင့် ထပ်တိုးအမှုဖွင့်လိုက်ကြောင်း ကိုသိန်းထွန်း နှင့် ရင်းနှီးသည့် အမျိုးသားတစ်ဦးက ဆိုသည်။

အမိန့်ချဖို့ကတော့ကြာအူးမယ်လို့သိရတယ်။ ရုံးကတော့ထုတ်တယ် အဲ့အမှုဖွင့်ပြီးနောက် ၂ခါလောက်တော့ထုတ်ပြီတဲ့ ကျန်တဲ့အမျိုးသမီး ၇ ဦးကတော့ ၅၀၅ နဲ့ပဲဆိုတော့မြို့နယ်မှာပဲ ကိုသိန်းထွန်းကို ပုဒ်မ၁၉ နဲ့ ဆိုတော့ ခရိုင်မှာလည်းစစ်တယ်ဟု ပြောသည်။

ကိုသိန်းထွန်းအား ပုဒ်မ ၅၀၅ အပြင် အကြမ်း ဖက်မှု ပုဒ်မ၁၉ ဖြင့် ထပ်မံ တရားစွဲခြင်းမှာ ဖမ်းဆီးခံရစဉ်က ပစ္စတိုတစ်လက် တွေ့ရှိခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို ဇူလိုင်လ ၁၃ ရက်နေ့ည ၅ နာရီအချိန်တွင် သပိတ်စစ်ကြောင်းမှအပြန် ကျောက်စိမ်းတောင် တံတားအနီးတွင် စစ်ကောင်စီနှင့် ရဲများက သေနတ်ထောက် ကားရပ်ခိုင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ လက်ရှိ သူတို့ကို ဖားကန့်မြို့မ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကာ မိသားစုနှင့်လည်း ဆက်နွယ်၍ မရသေးကြောင်း စုံစမ်းသိရှိရသည်။

အလားတူအထက်တွင်ဖော်ပြခဲ့သည့် ၈ဦးမတိုင်မှီ ဇွန်လ ၁၁ ရက်နေ့က မက်လင်ချောင်တွင်ဖမ်း ခံလိုက်ရသည့်ပြည်သူ ၂၃ ဦးအနက် မရီနွယ်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ()၊ ဒေါ်သင်းသင်းမာ၊ မောင်ဇော်ဇင်ဦးနှင့် မောင်နန်းမင်းထွန်းတို့ကို ပုဒ်မ ၅၀၅ (က) တို့ဖြင့်တရားစွဲခံလိုက်ရသည့် လေးဦးအမှုလည်းလက်ရှိအချိန်အထိ စီရင်ချက် မချသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button