တိုက်ပွဲသတင်း

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်းအထိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဥ်  လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သူတို့က ၁၉ရက်နေ့နေ့လည်ပိုင်းက စတင်ဝင်ရောက်လာတယ် ပြီးတော့ ငွေသာကျေးရွာကိုမီးရှို့တယ် ညနေ၆နာရီဝန်းကျင်မှာ ၁၆၀ နဲ့ ၁၂၀မမ တွေနဲ့ထုခဲ့တယ် ပြီးတော့ ၂၀ ရက်နေ့ မနက်ပိုင်းမှာလည်း သူတို့ကရွာကိုမီးရှို့နေတုန်းနောက်တစ်ကြိမ်ထုခဲ့တယ်” ဟု ပြောသည်။

အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့များသည် အင်အား ၁၈၀ ဝန်းကျင်ရှိပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမူကိုတော့ အတည်မပြုနိုင်သေးကြောင်း သူက ဆက်ပြောသည်။

ငွေသာကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်ကောင်စီ မီးရှိုမူကြောင့် နေအိမ် ၂၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဝက်ခုတ်ကျေးရွာကိုတွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button